လေဖြတ်လူနာ (၁၀)ဦးမှာ (၈)ဦးက ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ကြရတာ ဖြစ်ပါတယ်။
လေဖြတ်တယ်ဆိုတာ ဦးနှောက်ကို သွေးပို့ပေးနေတဲ့ သွေးကြောတစ်ခုခုမှာ သွေးထောက်ပံ့ခြင်း ပြတ်တောက်သွားလို့ ဖြစ်ပါတယ်။
လေဖြတ်ခြင်းရဲ့ အဓိကအကြောင်းရင်း (၂)မျိုးရှိပါတယ်။
(၁) ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်းနဲ့
(၂) ဦးနှောက်သွေးကြောပေါက်လို့ လေဖြတ်ခြင်းတို့ပါ။
ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်းရဲ့ ကုသနည်းကတော့ ပိတ်နေတဲ့ သွေးခဲကို ဖျော်ဖို့ (𝐆𝐨𝐥𝐝 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ဖြစ်တဲ့) သွေးခဲပျော်ဆေး 𝐓𝐢𝐬𝐬𝐮𝐞 𝐏𝐥𝐚𝐬𝐦𝐢𝐧𝐨𝐠𝐞𝐧 𝐀𝐜𝐭𝐢𝐯𝐚𝐭𝐨𝐫(𝐭𝐏𝐀) ပေးရပါတယ်။
– လေဖြတ်လူနာဟာ ရောဂါလက္ခဏာ စတင်ပြီး 𝐆𝐨𝐥𝐝𝐞𝐧 𝐡𝐨𝐮𝐫 (ခေါ်) အချိန် ၃နာရီခွဲအတွင်းမှာ ဆေးရုံကို ရောက်ရပါမယ်။
– လေဖြတ်လူနာကို အရင်ဦးဆုံး ဦးနှောက်ကွန်ပြူတာဓာတ်မှန် ရိုက်ပြီး သွေးကြောက ပိတ်တာလား၊ ပေါက်တာလားကို ခွဲခြားရပါတယ်။
– ဦးနှောက်ကွန်ပြူတာဓါတ်မှန် (CT head) တွင် ဦးနှောက်သွေးကြောပေါက်သည့် လက္ခဏာများ မရှိပဲ
– သက်ဆိုင်ရာဆရာဝန်မှ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည့် လေဖြတ်ရောဂါဟု အတည်ပြုပြီးနောက်
– (𝐭𝐏𝐀)သွေးခဲပျော်ဆေး ပေးနိုင်သည့် အခြားသတ်မှတ်ထားသော အချက်အလက်များနှင့်လည်း ကိုက်ညီတယ်ဆိုပါက
– (𝐭𝐏𝐀)သွေးခဲပျော်ဆေး သွင်းပေးနိုင်ပါတယ်။
လေဖြတ်ခြင်းကို ကုသရာမှာ အချိန်ဟာ ရွှေထက်ပိုပြီး တန်ဖိုးရှိပါတယ်။
– 𝐭𝐏𝐀 ဆေးကို အချိန်မီ ပေးသွင်းနိုင်ရင် လူနာရဲ့ အသက်အန္တရာယ်၊ လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ဒုက္ခိတဖြစ်နိုင်ချေတွေကို များစွာ လျှော့ချပေးနိုင်ပါလိမ့်မယ်။
– လေဖြတ်ပြီးပြီးချင်း မိနစ်(၆၀)အတွင်း ပေးနိုင်ရင် အကောင်းဆုံးရလဒ်ကို ရနိုင်ပါတယ်။
– သွေးခဲပိတ်ခါစလေးမှာ ပြန်ဖျော်လို့ ရနိုင်ဖို့၊ အချိန်မီဖို့ အထူးအရေးကြီးပါတယ်။
သတိပြုပါ လေဖြတ်ရောဂါလက္ခဏာ အတိုကောက်စာလုံး “BE FAST” ဖြင့် မှတ်သားပါ။
Balance- ရုတ်တရက် ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း
Eye- မျက်စိ ရုတ်တရက်ဝါးသွားခြင်း၊ နှစ်ထပ်မြင်ခြင်း
Facial Dropping- ရုတ်တရက် မျက်နှာရွဲ့သွားခြင်း
Arm weakness- ရုတ်တရက် လက်(သို့)ခြေထောက် အားနည်းသွားခြင်း
Speech difficulties- ရုတ်တရက် စကားပြောလို့မရတော့ခြင်း၊ ပီသစွာမပြောနိုင်ခြင်း
Time to call- အလျင်အမြန် ကုသမှုခံယူဖို့ ဆက်သွယ်ခြင်း

