Friday, 10 October 2014 မုန့်လိပ်ပြာ ပဲဗူးကိုဖောက်ပြီး ရေဆေးပြီး ရေစစ်ထားပါ မုန့်လိပ်ပြာအတွက် ပဲယိုနှင့်လိပ်ရန် ဆန်ပြားရွက် ဆန်ပြားရွက်ကို ရေအေးနှင့်ပျော့သွားတဲ့အထိ မိနစ်ဝက်လောက်ရေစိမ်ပေးပါ ရေစိမ်ထားသော ဆန်ပြားရွက်ကို ပန်းကန်ပြားတစ်ချပ်ပေါ်တွင်တင်ပြီး ပဲယိုကိုအလယ်တည့်တည့်မှာ ထမင်းစားဇွန်းတစ်ဇွန်း ပုံပေးပါ ပဲယိုပေါ်သို့ အောက်ဖက်မှစပြီး စပြီးခေါက်တင်ပေးပြီးမှ ဘေးစနှစ်ဖက်ကိုတစ်ထပ်ချင်းခေါက်ပေးပါ နောက်ဆုံးမှကျန်နေတဲ့ အစကိုအုပ်ပေးပြီး ပဲယိုကိုအုပ်ပါ မုန့်လိပ်ပြာမွှေးမွှေးလေးရပါပြီ နှမ်းထောင်းအုန်းသီးမှုန့်တို့ဖြူးပြီး စားသုံးနိုင်ပါပြီ…