ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃၀) သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံအားပေး

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃၀)သို့ တက်ရောက်ကြမည့်  နိုင်ငံ့သားကောင်းရတနာများအား  ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့်တာဝန်ရှိသူများက  ပုသိမ်မြို့ရှိ  နယ်မြေခံတပ်ခန်းမ၌  သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃၀)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်း ရတနာများအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *