ပါ၀င်ပစ္စည်းများ
- ဆန်ပြားခေါက်ဆွဲ – 500 g
- ပုဇွန်ထုတ် – ဆယ်ကောင်
- ဘဲဥ – တစ်လုံး
- ကြက်သွန်ဖြူ – အမွှာကြီးကြီး သုံးမွှာ
- ကိုက်လံ – အနေတော် တစ်ပင်
- ပဲပင်ပေါက် – နှစ်သက်သလောက်
- ကြက်သွန်မိတ် – အနေတော်နှစ်ပင်
- ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား – ထမင်းစားဇွန်း နှစ်ဇွန်း
- ပဲငံပြာရည်အနောက် – ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အကြည် – ထမင်းစားဇွန်း တစ်ဇွန်း
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ခရုဆီ – ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ – ထမင်းစားဇွန်း ခြောက်ဇွန်း
ပြင်ဆင်ပုံ
- ဆန်ပြားခေါက်ဆွဲနှင့် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
- ပုဇွန်များကို ရေဆေးပြီး အခွံခွာကာ မလိုတာတွေ ဖယ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
- ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
- ကိုက်လံကို ခပ်ကြမ်းကြမ်း လှီးပေပြီး ရေဆေးကာ ရေစစ်ထားပါ
- ကြက်သွန်မိတ်ကို အပင်လိုက် ရေဆေးပေးပြီး မိမိနှစ်သက်သလို လှီးပေးထားပါ
- ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာလျှင် သကြားကို အရင်ဆုံးထည့်ပြီး ညိုလာတဲ့အထိ ကြော်ပေးပါ
- သကြားများ အရည်ပျော််လာပြီး ညိုရောင်သန်းလာတာနဲ့ ပုဇွန်ထုတ်များထည့်ပြီး သုံးမိနစ်လောက် ကြော်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ကိုက်လံကို အရင်ဆုံး ထည့်ကြော်ပေးပါ
- ကိုက်လံကို တစ်မိနစ်လောက်ဘဲ ကြော်ပေးပါ
- ကိုပ်လံ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
- အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပြီးမိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ဘဲဥကိုထည့်ပေးပါ
- ဘဲဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပါ
- ပြီးတာနဲ့ ပဲပင်ပေါက်နှင့် ကြက်သွန်မိတ်တို့ကို ထည့်ပေးပြီး မွှေပေးပြီးပါက ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
- ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
