သီးစုံကော်ရည် ပြုလုပ်နည်း

အသားမပါပေမဲ့ အချို အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး။

ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ဟင်းတစ်မျိုး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ခပ်ထူထူ လှီးထားသော တရုတ်ဂေါ်ဖီ – ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အနေတော် လှီးထားသော ပဲတောင့်ရှည် – ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  3. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ – အနေတော် တစ်လုံး
  4. အ‌နေတော် လှီးထားသော – ဘေဘီပြောင်းဖူးဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ – သုံးမွှာ
  6. တရုတ်နံနံ – အခက်ကြီးကြီး နှစ်ခက်
  7. ငုံးဥ – မိမိနှစ်သက်သလောက်
  8. ပြောင်းကော်မှုန့်. – ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  9. သကြား – ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ – ထမင်းစားဇွန်း သုံးဇွန်း 

ကော်ရည်ဖျော်ပုံ

  1. အသီးအရွက်မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  2. ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။

အသီးအရွက်ကြော်ပုံ

  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး အားလုံးကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များကို နှစ်မိနစ်လောက်ဘဲ ကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
  • အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ငုံဥနှင့် တရုတ်နံနံ ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
  • သီးရွက်စုံ ကော်ရည်လေး ရပြီဖြစ်တဲ့အတွက် ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *