သံတမန်ကျင့်ဝတ်မညီဘဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ ဂျာမနီသံရုံးယာယီတာဝန်ခံကို ခေါ်ယူ သတိပေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် ရန်ကုန်မြိုရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ်လေရှာ့စ် အား နိုဝင်ဘာလ ၁၀ ရက်တွင် ခေါ်ယူတွေ့ဆုံ၍ ဂျာမနီသံရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ခဲ့သော ၎င်း၏ ဗီဒီယိုနှင့် ပတ်သက်၍ ခေါ်ယူသတိပေးပြောကြားခဲ့တယ်လို သိရပါတယ်။

ထိုသို သတိပေးပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီသံရုံးယာယီတာဝန်ခံ၏ လုပ်ရပ်ကိုကန့်ကွက်ရှုတ်ချကြောင်း၊ အဆိုပါလုပ်ရပ်သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်(သို) ၎င်း၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့် ဆောင်ရွက်သည်ဆိုသည်ကို တရားဝင်‌ဖြေရှင်းချက်ပေးရန်တောင်းဆိုကြောင်း၊ အလားတူလုပ်ရပ်မျိုး ထပ်မံမပြုလုပ်ရန်နှင့် လုပ်ဆောင်မည်ဆိုပါက အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သံတမန်ရေးရာအစဉ်အလာများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါက တားမြစ်မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့တယ်လို သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *