မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ 🙏🙏🙏

🍀 အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ 🙏🙏🙏

🌷လှူတယ်ဆိုတာ ကိုယ့်ဖို့အတွက်ပါပဲ🌷
လှူတယ်ဆိုတာ
အသိဉာဏ်နည်းသူအဖို့ကတော့ သူများရသွားတာကိုပဲ မြင်လိမ့်မယ် ။
ယုံကြည်မှုနှင့် အသိဉာဏ်ရှိသူတွေကတော့ ကိုယ့်အတွက်လှူနေတာလို့
ကွဲကွဲပြားပြားပြား နားလည်ကြပါတယ် ။
စွန့်ကြဲလိုက်တဲ့ပုဂ္ဂိုလ်တွေကို သာမန်မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့
ဘာမှမကျန်ဘူးလို မြင်ရလိမ့်မယ် ။
ဉာဏ်မျက်လုံးနှင့် ကြည့်ရင်တော့ အကျိုးတရားနဲ့ စေတနာ ကျန်တယ်ဆိုတာ
လက်ခံတတ်ဖို့ အရေးကြီးပါတယ် ။
နှစ်ပေါင်းများစွာ ကြာသွားလို့လည်း ကုသိုလ်ပုံရိပ်တွေ ပျောက်သွားပြီးလို့မထင်ပါနဲ့
အပရစေတနာဖြစ်မယ်ဆိုရင် ကိုယ်အာရုံပြုမိလိုက်တိုင်း အသစ်လို့ပဲ
ခံစားရပြီးတော့ အကျိုးပေးနိုင်ပါတယ် ။
သူ့အဖို့လား ကိုယ့်အဖို့လား မကွဲပြားရင် လှူတာဟာ အချည်းနှီးပဲလို့ ထင်ပြီးတော့
ပေးကမ်းခြင်းအလုပ်ကို သံသယဝင်နိုင်ပါတယ် ။
ဒါကြောင့် သံသရာခရီးသွားတဲ့သူတွေဟာ ဒါနအလုပ်မပါသွားဘူးဆိုရင်
ဖြစ်ရာဘဝမှာ ဆင်းရဲပြီး ရှားပါးနိုင်သလို
ကိုယ်ပြုတဲ့ဒါနဟာ လက်ရှိမှာလည်း သူများရောအဆင်ပြေ ကိုယ်လည်းစိတ်ကြည်နူးရပြီး
လက်ရှိတမလွန် အကျိုးများစေနိုင်တယ်လို အသိဉာဏ်ရှေ့ထားပြီး ယုံကြည်ဖို့ လိုပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *