နိုင်ငံသားအားလုံး စုစည်းအားနဲ့ တွန်းလှန်ကာကွယ်သွားရမယ့် icj အရေး

လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ICJ နိုင်ငံတကာခုံရုံးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပြီးသတ် အမိန့်ချတော့မယ်ဆိုတဲ့ သတင်းတွေ အကျယ်တဝံ့ ထွက်ပေါ်နေပါတယ်။ ဒီအမိန့်ချမယ့် ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးမျက်မှန် မတပ်ဘဲ သေချာကြည့်ရင် ဖြစ်နိုင်ခြေ သုံးမျိုးလောက် ရှိနေတာကို ပြည်သူတွေ အနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်ဖို လိုပါတယ်။

ပထမတစ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ မြေပေါ်ကို တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံဘက်က ဘာလူမျိုးတုံး သတ်ဖြတ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိဘူးဆိုတာ ထင်ရှားတဲ့အတွက် အမှုကို အပြီးအပြတ် ပလပ်လိုက်တဲ့ တရားမျှတတဲ့ အမိန့်မျိုး ဖြစ်နိုင်ပါတယ်။

ဒုတိယတစ်ချက်ကတော့ မြန်မာနိုင်ငံက သတ်ဖြတ်တာ မဟုတ်ပေမဲ့ အကြမ်းဖက် ARSA အဖွဲရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂါလီတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေအပေါ်မှာ အစိုးရဘက်က မတားဆီးနိုင်ခဲ့ဘူး၊ ကာကွယ်ဖို ပျက်ကွက်ခဲ့တယ်ဆိုပြီး မတရားအပြစ်ပုံချတဲ့ တစ်စိတ်တစ်ပိုင်း အမိန့်မျိုး ဖြစ်နိုင်ပါတယ်။

တတိယတစ်ချက်ကတော့ မြေပြင်က ပကတိအခြေအနေမှန်တွေကို လုံးဝမျက်ကွယ်ပြုပြီး မြန်မာနိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်ပါတယ်ဆိုပြီး နိုင်ငံတကာဖိအားတွေအောက်ကနေ တစ်ဖက်သတ် မတရားအမိန့်ချတာမျိုးလည်း ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ အခုနောက်ဆုံး ကြားသိနေရတဲ့ နိုင်ငံတကာသတင်းတွေအရ အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ကိုယ်တိုင်က အဲဒီ တတိယအချက်ဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တရားလက်လွတ် မချမှတ်ဖို ICJ ကို သတိပေးနေကြရပြီ ဖြစ်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတိုကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဂါဇာအရေးနဲ့ အီရန်အရေးလို ဖြစ်စဉ်တွေမှာလည်း လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်အောက် ဝင်သွားပြီး သူတိုဘက်ကို လှည့်လာမယ့် ဓားသွားကို ကြောက်နေကြလို ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော ကောက်ကျစ်တဲ့ နိုင်ငံတွေနဲ့ အဖွဲအစည်းတွေကပါ တကယ်အသတ်မခံရဘဲ လူမျိုးတုံးသတ်ဖြတ်ခံရပါတယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်နက်သဖွယ် သုံးပြီး နိုင်ငံရေးအရ အမြတ်ထုတ် လိမ်လည်လုပ်စားလာမှာကို ကြိုတင်ကာကွယ်ချင်တဲ့ သဘောကြောင့်လည်း ဖြစ်ပါတယ်။

ဒီပြဿနာတစ်ခုလုံးရဲ့ ဇာစ်မြစ်အမှန်ကို ပြန်လှန်ကြည့်ရင် ကိုယ့်မြေပေါ် တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသား အခွင့်အရေး မပေးတဲ့အပေါ် မကျေနပ်ရာကနေ အစပြုခဲ့တာပါ။ ဒါကို အခွင့်ကောင်းယူပြီး OIC နိုင်ငံတွေက ဝိုင်းပေါင်းကာ မြန်မာနိုင်ငံကို လူမျိုးရေးဖြစ်စဉ်အဖြစ် မဟုတ်မမှန် ပုံဖော်ပြီး နိုင်ငံတကာတရားရုံးမှာ မတရားစွပ်စွဲ တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကတော့ ၂၀၁၇ တုန်းက အကြမ်းဖက် ARSA အဖွဲက နယ်ခြားစောင့်စခန်းတွေကို တစ်ပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး အချုပ်အခြာအာဏာကို စိန်ခေါ်ခဲ့လို မြန်မာအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေက နိုင်ငံ့လုံခြုံရေးအတွက မဖြစ်မနေ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရလို ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

ဒါကြောင့် ICJ အနေနဲ့ အမှန်တရားကို ကြည့်ပြီး တရားမျှတစွာပဲ အမိန့်ချချ၊ ဒါမှမဟုတ် ပေးတာယူ ကျွေးတာစားပြီး တစ်ဖက်စောင်းနင်းနဲ့ အောက်တန်းကျကျ အမိန့်ပဲချချ ဘယ်လိုပဲ လုပ်နေပါစေ၊ လူမျိုးမတူ ဘာသာမတူ မွေးဖွားရာနေရာမတူတဲ့ ဘယ်ကျူးကျော်သူ၊ ဘယ်ပြင်ပအင်အားစုရဲ့ နယ်မြေချဲ့ထွင် လွှမ်းမိုးမှုကိုမှ မြန်မာပြည်သူတွေက လုံးဝလက်ပိုက်ကြည့်မနေပါဘူး။

မိမိတိုရဲ့ ဘိုးဘွားပိုင်မြေ၊ မိမိတိုနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူအားလုံးရဲ့ တစ်သွေးတည်း၊ တစ်သားတည်း စည်းလုံးညီညွတ်တဲ့ ပြည်သူ့အားနဲ့ အဆုံးအစွန်အထိ ရွပ်ရွပ်ချွံချွံ တွန်းလှန်ကာကွယ် စောင့်ရှောက်သွားကြမှာ ဖြစ်ပါတယ်။

ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *