ဆိတ်များအတွက် အာဟာရပြည့်၊ အကြီးမြန်စေမည့်..ဆိတ်အစာလုံး ပြုလုပ်နည်း

ဆိတ်များအတွက် အာဟာရလည်းဖြစ်စေ၊ ကျန်းမာရေးအတွက်လည်း အထောက်အကူပြု၊ ကြီးထွားနှုန်းလည်းမြန်စေနိုင်မည့် ဆိတ်အစာလုံးပြုလုပ်နည်းကို ပြောပြပေးပါမည်။

ဆိတ်အစာလုံး ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

* ဂျုံဖွဲ(သို့မဟုတ်)ပြောင်းမှုန့် – ၁ပိဿာ ၂၀ ကျပ်သား

* ဖွဲနု – ၁ပိဿာ ၂၀ ကျပ်သား

* EM- ၄၈ စီစီ

* သကာရည်-၃၆ စီစီ (မရပါက ထန်းလျက် ၁၀ ကျပ်သားကို ကျိုထည့်ပါ)

* ရေ- ၁၁၁၆ စီစီ (ရေသန့်တစ်ပုလင်းကျော်ကျော်)တို့  ဖြစ်ပါတယ်။ 

ပြုလုပ်နည်းမှာ –

– အထက်ပါ ပါဝင်ပစ္စည်းများကို သမအောင်မွှေပါ။ လက်ဖြင့် နယ်ပါ။

– ပြီးလျှင် အလုံးလေးများဖြစ်အောင်လုံးပြီး လေလုံအောင် ပလတ်စတစ်အိတ်ထဲ ထည့်ရပါမည်။

– ထို့နောက် နေရောင်တိုက်ရိုက်မရသော နေရာတွင် ၃၊ ၄ ရက် လောက် ထားပေးရပါမည်။

– ၃၊ ၄ ရက်ကြာလျှင် အစာလုံးလေးများပေါ်တွင် အဖြူဖတ်လေးများပွင့်လာပြီး အနံ့လည်း မွှေးလာပါမည်။

– ၄ ရက်နောက်ပိုင်းတွင် ဆိတ်များကို စတင်ကျွေးနိုင်ပါပြီ။

ကျွေးရမည့်ဆိတ်အရွယ်မှာ-

– ဆိတ်လတ်နှင့် ဆိတ်ကြီးများကို ကျွေးနိုင်ပါသည်။ ဆိတ်တစ်ကောင်လျှင် အစာလုံး ၃ ကျပ်သားမှ ၅ ကျပ်သားအထိ ကျွေးနိုင်ပါသည်။ 

ကျွေးနည်းမှာ –

– အခြားဆိတ်စာ ၁ ပိဿာကုန်လျှင် အစာထဲတွင် အထက်ပါ အစာလုံးကိုပါရောပြီး ကျွေးနိုင်ပါသည်။ ( ဥပမာ-ဆိတ်တစ်ကောင်စာအတွက် အစာလုံး ၃ ကျပ်သားကို မြက်နှင့်ရောပြီးကျွေးလို့ရပါသည်။)

အကျိုးကျေးဇူးများမှာ –

– ဆိတ်များစားသော အစားအစာများထဲမှ ကောင်းသောအာဟာရတန်ဖိုးများကို ဆိတ်၏အူလမ်းကြောင်းက ကောင်းစွာ စုပ်ယူလာနိုင်ပါမည်။

– ဆိတ်များအစာချက်နှုန်း ကောင်းမွန်လာပြီး အသားအရေစိုပြည်ကာ ကြီးထွားနှုန်း မြန်လာပါမည်။

– အစာမှ အသားဖြစ်နှုန်း မြင့်လာပါမည်။

– ခန္ဓာကိုယ် ခုခံစွမ်းရည်မြင့်လာပြီး ရောဂါဖြစ်ပွားမှု နည်းလာပါမည်။

– စွန့်ပစ်သောမစင်အနံ့ကင်းလာပြီး ပတ်ဝန်းကျင် အနံ့အသက် ကင်းစင်လာပါမည်။

– အဆိုပါဆိတ်ချေးကို စိုက်ပျိုးရေးတွင် မြေသြဇာအဖြစ် အသုံးပြုလျှင်လည်း အထူးကောင်းမွန်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *