ဒေသဝက်များကို အစာကျွေးနည်း

စုစာ_တောင်းစာ-ရယူကျွေးမွေးခြင်း

==================

စုစာ-တောင်းစာ ဆိုသည်မှာ-မိမိရပ်ကွက်-လမ်း၊ မိမိ တို့အုပ်စုအတွင်း နီးစပ်ရာ ထမင်းဆိုင်၊လူဦးရေများများရှိသောအိမ်မှ အိမ်နောက်ဖေး စွန့်ပစ်ရာ (ဒေသအခေါ် ဝက်စာဘုံး၊ ဝက်စာအိုး) များနှင့် စုထားသော စွန့်ပစ်ပစ္စည်း ကို ဆိုလိုသည်။ ၎င်း နေရာများမှ ဖြစ်စေ မိမိနေအိမ်မှ ဖြစ်စေ စုစာ-တောင်းစာကို မိမိ နေအိမ်အတွက် စုဗူးလေးများဖြစ်သော ဝက်များအား ပြန်လည်ကျွေးမွေးခြင်း ဖြင့် ၈ လမှ ၁၁ လ အတွင်း အရွယ်ရောက်စေသည်။

-တောင်းစာ ယူမဲ့အိမ်ကို ကြိုတင် မေတ္တာရပ်ခံပါ(ဝက်သားနဲ့ ပတ်သက်တာ မထည့်ပါနဲ့ပေါ့)

-ရလာသမျှ “စုစာ” ကို ဇကာ အစိပ်/အကျဲနဲ့ အရည်သက်သက်-အဖက်သက်သက် စစ်ချပစ်ရပါတယ်။

-ဝက်ရိုး၊ကြက်ရိုး၊စသည့် တိရစ္ဆာန် အရိုးများပါရှိလာလျှင် ဖယ်ထုတ် ပြစ်ရပါတယ်။(အရေးကြီးဆုံး အပိုင်း)ပါ။ သေချာလုပ်ရန်(-)

-အရည်မှာ လုံးဝ အနယ်ထိုင်တဲ့အထိ အချိန်စောင့်ပါ။ အပေါ်ယံ အရည်ကြည်အပြင် (စစ်လို့ကျလာတဲ့ အရည်အားလုံးရဲ့ 3/4 %

(လေးပုံ – ၃ ပုံ) ဖယ်ရှားပါ။သွန်ပစ်ပါ။

-ကျန်တပုံ အရည် နဲ့ ဆန်ကွဲ ၂ဗူး ၊ ဖွဲနု ၄ဗူး)ကို မီးနဲ့ ကျိုချက်ပါ။ အလွယ်မှတ်နည်း (စကွဲ ၁ဆ နဲ့ ဖွဲနု ၂ဆ)

-ကျိုချက်ရည် (စတင် ရေဆူချိန်) (မျက်မြင်- တပွက်ထ ဆူသည့် အနေအထား)မှာ ငပိ အရည်ထည့်ပါ။ (အစာ ခန့်မှန်း ၅ ပိသာကို ငပိ၃ ကျပ်သားပါ)

-ပြီးနောက် စုစာ အဖက်(အုပ်စု) ထပ်ထည့်ပါ။

-ရောသမအောင် မွှေပါ။ ထပ်ထည့်ချိန်မှ ၁၀ မိနစ်ပဲ ထပ်ပြုတ်တာပါ။ မွှေပါ။ ၁၀ မိနစ် အကျော်မှာ

-မီးပေါ်က ချပါ( အအေးခံပါ) စျေးကွတ်မှာရှိသော “ဗိုက်တာဗစ်-ကယ်ဗိုဗသ် စသည့်အားဆေးမှုန့်များ(သို့.မဟုတ်)-ကျွေးခါနီး..ယနေ့ခေတ်ဆို ရွှေရနံ့ငါးအမိုင်နို ၅ cc ကို အညွန်းပါအတိုင်း ထပ်ထည့်စပ်ကျွေးနိုင်ပါသည်။

ဒီနည်းစနစ်နဲ့ ကျွေးမွေးလျှင်.. ဒေသဝက်ကို (၈..လ ၉ လ အတွင်း ရောင်းတန်းဝင်ပါတယ်)

စုစာ ပြုလုပ်ရာတွင် သတိပြုရန် အချက်များ

စကွဲ (ထမင်းမဖြစ်သေးလို့ စိတ်မခုပါနဲ့) စကွဲ ကို ကျက်စရာ မလိုတဲ့ အနေအထားမှာ ကျွေးတာ….ဝက်တက် မြန်ပါတယ်) ကြိုထားတဲ့အစာကို ၂ ရက်အတွင်းပဲ အပြီးကျွေးရပါတယ်။ မုန့်လဥနီ-ဂေါ်ဖီ-ဗေဒါ-ကန်စွန်း စသည့်တို့ကို ထပ်ထည့်မည် ဆိုပါက စကွဲနဲ့ ဖွဲနု စတင်ပြုတ်သည့် အချိန်မှာ ပစ်ထည့်ပါနော်..။ အစာစိမ်းနဲ့ ဖြည့်စွက်စာ လည်း သုံးရက်တကြိမ် ကျွေးနိုင်ပါသည်။

မိမိကိုယ်တိုင် ပြင်ဆင်ကျွေးမွေးခြင်း

==================

ဆိုင်မှ မလိုအပ်လို့ စွန့်ပစ်တဲ့ ဂေါ်ဖီအပေါ် အစိမ်းဖတ်၊ ဂေါ်ဖီ တခြမ်းပုတ်၊အာလူးတခြမ်း နာ၊ ခရမ်းသီးအညှာ ပြုတ်၊ ခရမ်းသီးတခြမ်းပဲ့၊ ကန်စွန်းရွတ် အနွမ်းများကို စုဆောင်းပါ။ မကောင်းသည့်အပိုင်များ ပယ်၍ လှီးဖြတ် ရေစင်အောင် ဆေးပါ ၅ နာရီလောက် လေ သလပ်ခံထားပါ..

ဆန်ကွဲ (၁၆ပြည် လျှင်)

-ဆန်ကွဲဆိုးကို တာပေါ်လင်(နဲ့ ခပ်ပါးပါးဖြန့်)၊ ရမ် အရက်(အဆင်ပြေတာအသုံးပြုနိုင်တယ်-ကျွန်တော် Army Rum အသုံးပြုခဲ့တယ်)

-အရက် သုံးပတ်တော့ တိတိကျကျထည့်ပေးပါ,တိတိကျကျထည့်ချင်သူတွေ ဆေးထိုးစလင်းနဲ့ ချိန်ထည့်မယ်ဆို

– အရက်တပတ်မှာ ချိန်တွယ်ခြင်းအားဖြင့် 41 cc ရှိပါတယ်။

-ရမ် အရက် သုံးပတ် (123 cc) + ရေ 1.5 လီတာ ရောပါ -ဆန်ကွဲ ဆိုးပေါ် နေရာအနှံ့ ဖြန်းပါ။တနေ လှန်းပါ.(.တနေပဲ နော်)

ဖွဲနု ၁ပြည်

ကုလားပဲ ကြမ်း ၂ဗူး လိုအပ်ပါမည်။

ဥပမာအားဖြင့်

အစာ ခန့်မှန်း ၅ ပိသာ စပ်ကြမယ် ဆိုပါတော့

-ကုလားပဲ ကြမ်း နို့ဆီဗူး ၂ဗူး (ရေ နာရီ ၂၀ ခန့်စိမ်ထားပါ)

ရေသန့် ခြောက်ပုလင်းထည့်ပြီး ဆူအောင်တည်ပါ

-ကုလားပဲ ရှေ့ဦးစွာထည့်ပါ

-ပဲ မနူးခင် အာလူးနဲ့ ဆန်ကွဲတွေ ထည့်ပါ

-ငပိစိမ်း အနည်းငယ် ထည့်ပါ

စကွဲ ဆန်လုံးမပေါက်ခင်-ပဲအစေ့ကွဲစ မှာ

– ဝက်စာအိုး မီးခွင် မှ ချပါ

-နူးလွယ်ကျက်လွယ်သော အစာစိမ်းများ၊ဖွဲနု၊

အခုနက ချထားတဲ့ အိုးထဲ ထည့်ပါ(ရောသမှအောင် မွှေပါ)

-အအေးခံပါ..အေးရင် စတင် ကျွေးနိုင်ပါပြီ

ဖွဲနု နေရာမှ ပုစွန်ဖွဲ စျေးပေါပေါ ရလျှင် အသုံးပြုပါက.. ဝက်ပို၍ စားသည်။

ဒေသဝက်မွေးစဥ်က မိမိရခဲ့သော

အတွေ့အကြုံများနဲ့ ဗဟုသုတများ

_ဒေသ ဝက်ဟာ ကြီးထွားနှုန်းထိုင်းတာကလွဲလို့ ရာသီဥတုဒဏ်၊လေစိမ်းဒဏ် ကို ခံနိုင်ရည်ရှိပါတယ်။

-ဝက်သားခွဲကို “ပုလဲ”မြေသြဇာ မကျွေးသင့်ပါ။ “ပုလဲ ဓာတ်မြေသြဇာ” အစာနှစ်ဆယ်ဆနဲ့ပုလဲဓာတ်မြေသြဇာ တစ်ဆ ရောကျွေးခြင်းပါ။ ကျွေးတဲ့သူအချို့ရဲ့ ဝက်ငယ်တွေ လည်း လိုက်ကြည့်ဖူးတယ် ကြီးထွားနှုန်းတက်တယ်။ ကြီးတဲ့ကောင်တွေ ကြီးပါတယ်။ သိပ်မကြာပါဘူး……မျှော်လင့်ထားတယ်အတိုင်း အူနံရံ ပါးပြီးပေါက်ပြီး သွေးအန်သေတာ လည်း ကြားခဲ့ တွေ့ကြုံဖူးပြီး…မြင်ဖူးခဲ့တယ်,(အဲ့အလေ့အထ အခုထိသုံးနေကြတဲ့သူတွေ ရှိနေပါသေးတယ်)

-ဝက်ငယ်ချီးပန်းရင် မီးသွေးခဲ ချကျွေးတယ်။ မစားရင် မီးသွေးအမှုန့်ကြိတ်ပြီး ဖျော်ခွံ့တယ်။ (စမ်းဖူးပါတယ်-လက်တွေ့လည်း ပျောက်ပါတယ်)

-ဝက်ခံတွင်းပျက် “မနော်ဟေရီ” လျှာပွတ်ဆေး..ခွံ့တယ်

-ဘာအနာပေါက်ပေါက် ရေနံချေး + ပရုပ်လုံး+ထုံး+ နနွင်း ” အရောကို လိမ်းကြတယ်။သိပ်ကြတယ်။ ထည့်ကြတယ်

-ဝက်နာရင် အောက်စီတထွာ နဲ့ ဘာပလတ် ဆေးပြား ရောကျွေးကြတယ်။

-ဝမ်းချုပ်ရင် “ရွှေဝါ ဆပ်ပြာ + ဆား ” အရောရည်ကို ဝက် စအိုထဲ ထည့်ကာ ဝမ်းချူကြတယ်။ မကျည်းသီးအမှည့်တစ်ကျပ်သား + ငပိ အနည်းငယ် ဖျော်ပြီ တိုက်ကြတယ်။

-ဝက်သံချချင်ရင် လူဆေးဆိုင်က “တရုတ်သံချဆေးလုံး ကို ဝက်ကြီးဆို “နှစ်လုံး” ဝက်ငယ် “တစ်လုံး” ကျွေးကာ သံချပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *