စပိန်နိုင်ငံတွင် အမြန်ရထားနှစ်စင်းတိုက်မိ လူ ၇၀ နီးပါးသေဆုံး၊ ဒါဇင်များစွာဒဏ်ရာရ

စပိန်နိုင်ငံ၌အမြန်ရထားနှစ်စင်းတိုက်မိမှုကြောင့် လူ ၇၀ နီးပါးသေဆုံးပြီး ဒါဇင်များစွာဒဏ်ရာရရှိကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။အဆိုပါ မတော်တဆမှုသည် မက်ဒရစ်မြို့နှင့် နိုင်ငံတောင်ပိုင်း အန်ဒါလူစီယာဒေသကြား ဆက်သွယ်ထားသည့် ရထားလမ်းပေါ်တွင်အောက်တိုဘာလ  ၂၈ ရက် နံနက် ၈ နာရီ ၅၄ မိနစ်ခန့်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ 

        အခင်းဖြစ်ပွားရာနေရာသည် တိုလီဒိုပြည်နယ်အတွင်းရှိ အူဒါဘူတာအနီးတွင် ဖြစ်ပြီး မက်ဒရစ်မြို့၏ တောင်ဘက်မှ ကီလိုမီတာ ၁၂၀ ခန့်အကွာ ၌တည်ရှိသည်။ မတော်တဆမှုတွင် စပိန်နိုင်ငံပိုင်ရထားလုပ်ငန်းဖြစ်သည့် Renfe နှင့် ပုဂ္ဂလိကရထားလုပ်ငန်းဖြစ်သည့် Iryo တို့မှ ပြေးဆွဲသောရထားတို့တိုက် မိခြင်းဖြစ်သည်။

            ထိုဖြစ်စဉ်ကြောင့် ရထားတွဲအချို့ လမ်းချော်တိမ်းမှောက်သွားသည်။ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က ယခုမတော်တဆမှုအတွက်   စိတ်ထိခိုက်ရကြောင်းနှင့် သုံးရက်တာ ဝမ်းနည်းခြင်းနေ့အဖြစ်သတ်မှတ်ကာအရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များဆောင်ရွက်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *