အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အိန္ဒိယ-မြန်မာတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သိန်းနိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးဘောလုံးအဖွဲ့သည် အောက်တိုဘာ ၁၈ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှထွက်ခွာကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးပြည့်စုံလင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့တပ်မတော် ချစ်ကြည်ရေးဘောလုံးအဖွဲ့တွင် အုပ်ချုပ်သူများ၊ နည်းပြများနှင့်ပြိုင်ပွဲဝင်အားကစားသမားများ စုစုပေါင်း ၃၀ ဦး လိုက်ပါသွားပြီး အိန္ဒိယတပ်မတော်မှဘောလုံးအသင်းတို့နှင့်ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများကို အောက်တိုဘာလ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
