စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၈/၂၀၂၆

၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း  ၇  ရက်

(၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)

စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခြင်း

၁။        ဥပဒေကဲ့သို့အာဏာတည်သောအမိန့်(၇/၂၀၂၆)ဖြင့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့်မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်သည်။                                                     

၂။         တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့်တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ်သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်သည်။

၃။        ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀)အထိ အတည်ဖြစ်သည်။      

                                                                     (ပုံ)မင်းအောင်လှိုင်       

                                                                      နိုင်ငံတော်သမ္မတ        

                                                                    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Leave a Reply

Your email address will not be published. Required fields are marked *