နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု အောက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်း သူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှကိုယ်ကျိုးစီးပွားကိုအခြေခံ၍ နယ်မြေလုခြင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ပြင် NUG၊ CRPH အကြမ်း ဖက်အဖွဲ့များအနေဖြင့် ၎င်းတို့၏ လက်ဝေခံမဟုတ်သည့် Local PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား တစ်ဖက်သတ် ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ လက် အောက်ခံ PDF အကြမ်းဖက်အဖွဲ့ များအား တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ၏ အသုံးချခံ အဖြစ် စစ်ဆင်ရေးဒေသများသို့ အတင်းအဓမ္မစေလွှတ်ကာ မူးယစ် ဆေးဝါးများ အသုံးပြုစေ၍ အသေခံ တိုက်ပွဲဝင်စေခြင်းနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချ ခြင်းများ ပြုလုပ်လျက်ရှိခြင်းများ ကြောင့် လည်းကောင်း၊ တိုင်းရင်း သားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ထိခိုက်ပျက်စီးစေသော အကြမ်းဖက်လုပ်ရပ်များကို စက်ဆုပ် ရွံရှာခြင်း၊ အေးချမ်းစွာနေထိုင်လုပ် ကိုင်စားသောက်လိုခြင်း၊ အေးချမ်း စွာပညာသင်ကြားလိုခြင်း၊ နိုင်ငံ တော်အစိုးရအနေဖြင့် ဥပဒေပြဋ္ဌာန်း ၍ လက်ကမ်းကြိုဆိုခဲ့မှုကြောင့် ဥပဒေ၏ အရိပ်အောက်တွင် မိသားစု နှင့် အတူပေါင်းစည်းကာ လွတ်လပ် စွာနေထိုင်လုပ်ကိုင်လိုခြင်း၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ရာတွင် လည်း လုံခြုံမှုရှိစွာဖြင့် ပြည်သူလူထု အတွင်း လွတ်လပ်စွာနေထိုင်လုပ်ကိုင် ခွင့်ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိ သူများက စီမံဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာခြင်းတို့ကြောင့် လည်းကောင်း PDF အမည်ခံအဖွဲ့ ဝင်များ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင်များသည် နီးစပ်ရာ နယ်မြေခံတပ်၊ စခန်းများနှင့် လုံခြုံ ရေးစခန်းများတွင် လာရောက် သတင်းပို့ပြီး လက်နက်ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လျက်ရှိသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင် နယ်မြေအတွင်း အကြမ်းဖက်လုပ်ရပ် များလုပ်ဆောင်လျက်ရှိသည့် Local PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ အမျိုးသား ၂၃ ဦး၊ ၎င်းတို့၏ မိသားစုဝင် အမျိုးသမီး ၃ ဦး၊ ဆား တောင်မိုးကြိုးအမည်ခံအကြမ်းဖက် အဖွဲ့မှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦး၊ ၎င်းတို့၏မိသားစုဝင် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုး သား ၂၉ ဦး၊ အမျိုးသမီး ၃ ဦး၊ မိသားစုဝင် အမျိုးသမီး ၆ ဦးတို့ သည် စက်တင်ဘာလ ၂၂ ရက်တွင် လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်း များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ နီးစပ်ရာနယ်မြေခံတပ်ရင်းသို့ ဆက် သွယ်သတင်းပို့၍ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်နေမှု များကို မနှစ်မြို့တော့ခြင်း၊ နိုင်ငံရေး ကိုကြွေးကြော်၍ လက်နက်ကိုင် ဆောင်ခဲ့သော်လည်း ကိုယ်တိုင် အကြမ်းဖက်သမားဘဝကို ရောက်ရှိ နေကြောင်း သိမြင်လာခြင်း၊ NUG၊ CRPH အကြမ်းဖက်အဖွဲ့များ၏ အနိုင်ကျင့်ခွဲခြားဆက်ဆံခြင်း၊ အဖွဲ့ အတွင်း အထက်အောက်အဆင့် အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်း နှင့် NUG၊ CRPH နှင့် တိုင်းရင်းသား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ အနေဖြင့် PDF အမည်ခံအဖွဲ့များအား စစ်ဆင်ရေးဒေသများသို့ အတင်း အဓမ္မစေလွှတ်ကာ မူးယစ်ဆေးဝါး များအသုံးပြုစေ၍ အသေခံတိုက်ပွဲ ဝင်စေခြင်းနှင့် ၎င်းတို့၏ ကိုယ်ကျိုး စီးပွားအတွက် အသုံးချခြင်းများ ပြုလုပ်လျက်ရှိခြင်းများကြောင့် ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် PDF အမည်ခံ အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စစ်ကိုင်းမြို့ရှိ နယ်မြေခံတပ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုများဆောင်ရွက် ပေးခြင်းနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေမှုရှိစေရေး လိုအပ်သည် များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။
နိုင်ငံတော်အစိုးရအနေဖြင့် PDF အမည်ခံအဖွဲ့များအပါအဝင် အကြမ်း ဖက်အဖွဲ့များအတွင်းသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေကြသူ များအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ် တံခါးဖွင့်ကြိုဆိုဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီ ပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်းသိရှိရပြီး နိုင်ငံ တော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသ အကျိုးကို ဖော်ဆောင်လိုသည့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ်သတင်း ပေးပို့ကြရန်နှင့် ထိုသို့ဆက်သွယ် သတင်းပို့လာပါက ကြိုဆိုလက်ခံ ကာ လိုအပ်သည့်ကူညီထောက်ပံ့မှု များ ပေးအပ်သွားမည်ဖြစ်ကြောင်း နှင့် လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်ချီးမြှင့်လျက်ရှိသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
“၂၀၂၂ ခုနှစ် ဇွန်လအစောပိုင်း ကာလမှာ သူငယ်ချင်းတစ်ယောက် ရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် ဝက်လက်မြို့နယ် တစ်နေရာမှာ စစ်သင်တန်း တက်ခဲ့ပါတယ်။ စစ်သင်တန်းတက်ပြီးပြန်လာချိန် မှာ ရဲဘော် ၁၀ ယောက်နဲ့ ရိုးမ စစ်ကြောင်းကို စတင်ဖွဲ့စည်းခဲ့ပါ တယ်။ ရိုးမစစ်ကြောင်းကို စတင် ဖွဲ့စည်းတဲ့အချိန်ကစပြီး NUG၊ CRPH အကြမ်းဖက်အဖွဲ့များက ကျွန်တော်တို့ကို သူတို့လက်အောက် ခံမဟုတ်တဲ့အတွက် ကျွန်တော်တို့ Local PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို ခွဲခြားဆက်ဆံတာ မျိုးတွေ၊ အနိုင်ကျင့်ဗိုလ်ကျတာ မျိုးတွေ ကျွန်တော်တို့အပေါ်မှာရှိခဲ့ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကလည်း ကျွန်တော် တို့ကို PDF ဖြစ်တဲ့အတွက် စစ်ဆင် ရေးဒေသတွေကို အတင်းအဓမ္မ စေလွှတ်ပြီး မူးယစ်ဆေးဝါးများကို သုံးစွဲခိုင်းပြီး အသေခံတိုက်ပွဲဝင် ခိုင်းပါတယ်။ ကျွန်တော်တို့ လေးနှစ်တာကာလမှာ အမှန်တရားကို သိရှိလာတဲ့အတွက် တပ်မတော် နဲ့ချိတ်ဆက်ပြီး အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ အလင်းဝင်လာတဲ့ အချိန်မှာလည်း တပ်မတော်အနေနဲ့ ကျွန်တော်တို့ စားဖို့သောက်ဖို့၊ နေဖို့ ထိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေး ပါတယ်။ လိုအပ်ချက်ဘာမှမရှိပါ ဘူး။ နောက်လာမယ့် ညီငယ်၊ ညီမငယ်များ၊ ဆွေမျိုးမောင်နှမသားချင်းများကိုလည်း နွေးထွေးစွာကြိုဆိုပါတယ်”ဟု ပြောသည်။
“ကျွန်မက ၂၀၂၅ အစောပိုင်း ကာလမှာ သူငယ်ချင်းများရဲ့သွေးဆောင်ဖြားယောင်းမှုကြောင့် အဖွဲ့ထဲ ကိုဝင်ခဲ့ပါတယ်။ သူတို့ရဲ့သွေးဆောင် ဖြားယောင်းမှုကြောင့် သင်တန်းတွေ ဆင်းခဲ့ရပါတယ်။ NUG၊ CRPH အကြမ်းဖက်အဖွဲ့များက ကျွန်မ တို့ကို သူတို့ရဲ့လက်အောက်ခံအဖွဲ့ မဟုတ်တဲ့အတွက် နှိပ်စက်ညှဉ်းပန်းတာတွေ၊ တစ်ဖက်သတ်အနိုင်ကျင့် တာတွေလုပ်ခံခဲ့ရပါတယ်။ အဲလိုဗိုလ်ကျအနိုင်ကျင့်တာတွေကြောင့် ကျွန်မတို့ တပ်မတော်ထံ အလင်းဝင်ခဲ့ပါတယ်။ တပ်မတော်ထံအလင်းဝင်တော့လည်း တပ်မတော်မှ မိသားစုလိုမျိုး ကြိုဆိုပါတယ်။ စားဝတ်နေရေးအတွက်လည်း စီစဉ်ပေးခဲ့ပါတယ်။ အဲဒါကြောင့် နောက်ကျန်ရှိတဲ့ အဖွဲ့များကို လည်း ကျွန်မအနေနဲ့အလင်းဝင်ဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
“ကျွန်တော်ကတော့ ၂၀၂၅ ခုနှစ်အစောပိုင်းကာလမှာ PDF အဖွဲ့များ နဲ့အဆက်အသွယ်ရပြီး သင်တန်း စတက်ခဲ့ပါတယ်။ သင်တန်းဆင်း ပြီးနောက်မှာလည်း ဆားတောင် တစ်ဝိုက်စစ်ရေးလှုပ်ရှားခဲ့ပါတယ်။ စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီး တစ်လျှောက်မှာလည်း ခရီးသွား ကုန်တင်ယာဉ်တွေကို ငွေကြေး ကောက်ခံခြင်း၊ စစ်ဆေးခြင်းများ လည်း ဆောင်ရွက်ခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ငွေများအား အထက် လူကြီးများကို ပေးအပ်ခဲ့ပါတယ်။ စေခိုင်းချက်အရ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် မိုင်း ထောင်ဖောက်ခွဲခြင်းများကိုလည်း ခိုင်းစေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့လည်း PDF အဖွဲ့များကို စစ်ဆင်ရေးဒေသ များကို အတင်းအဓမ္မစေလွှတ်ကာ မူးယစ်ဆေးဝါးများ သုံးစွဲစေပြီး တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုပြီး ကျွန်တော်တို့ကို ရှေ့တန်းကနေ တိုက်ခိုင်းခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ သူတို့လုပ်ရပ်တွေကို မနှစ်သက်လို့ တပ်မတော်ထံ ချိတ် ဆက်ပြီး အလင်းဝင်ခဲ့ပါတယ်။ အလင်းဝင်ရောက်ရာမှာလည်း တပ်မတော်မှ ကျွန်တော်တို့ နေရေး ထိုင်ရေးစားသောက်ရေးကို စီစဉ် ပေးပါတယ်။ တပ်မတော်မှ ဆုငွေ များလည်း ချီးမြှင့်ပေးပါတယ်။ နောက်ထပ်အလင်းဝင်မယ့် ညီငယ် ညီမငယ်များကိုလည်း နွေးထွေး စွာကြိုဆိုပါတယ်” ဟုပြောသည်။










