နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း ထပ်မံလှူဒါန်း

နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် ထိခိုက်ဆုံးရှုးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ဘုရားကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့်) ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးထံသို သီတဂူဆရာတော်ကြီးကိုယ်တိုင် တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုးခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *