ပျော်ဘွယ်၌ ရခိုင်ပြည်နယ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

ော်ဘွယ်မြိုနယ်၌ ရခိုင်ပြည်နယ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားသည့် ကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်းကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ပါဝင်ပတ်သက်သူများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲထံမှ သိရသည်။

စက်တင်ဘာ ၄ ရက်က ပျော်ဘွယ်မြို့နယ်၊ ဆိတ်ချိုကျေးရွာအုပ်စု၊ ကံစွယ်ကျေးရွာအနီး ပျော်ဘွယ်-နတ်မောက်သွားကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် MINIBUS ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကွင်းဆက်ဖော်ထုတ်စစ်ဆေးရာ နေပိုင်စိုး (ခ) ဂျာကြီး (ခ) အောင်ကျော်မြင့်၊ ကျော်သာ (ခ) အောင်ကျော်၊ ကိုစိုး၊ ယုယုမော်၊ ရဲမင်းအောင် (ခ) ပါးသိုင်း၊ မိုးအောင် (ခ) ဆလိုင်းမိုးအောင်တိုအပါအဝင် ခုနစ်ဦးကို ယာဉ်လေးစီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်နေ မောင်ဝင်း (ခ) အောင်စိန် (ဖမ်းဆီးရန်ကျန်) က ရမည်းသင်းမြို့နယ်သို့ လာရောက်ပို့ဆောင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် အောင်လံ၊ အမ်းနှင့် မောင်တောမြို့နယ်တို့ကို ဖြတ်သန်း၍ တစ်ဖက်နိုင်ငံသို့ ဆက်လက်ပိုဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *