ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ – ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-
၁။ သာသနာ့ဝန်ထမ်းများ။
၂။ အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)။
၃။ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။
၄။ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။
၅။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။
ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ
၁။ ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ။
၂။ ဆေးစစ်ဆေးခြင်း သတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။
၃။ နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင် (သို့မဟုတ်) အတတ်ပညာရှင်များ။
၄။ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ သားသမီး အရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။
မှတ်ချက်။ အကယ်၍ ၎င်းသားသမီး အရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘော ဆန္ဒအလျောက် ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန် ခွင့်ပြုနိုင်သည်။
၅။ အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခုရရှိသော အားကစားသမားများ။
၆။ နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့် အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ။
၇။ တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့် အထက်ရှိသော တပ်မတော်စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ။
၈။ ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ် ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ။
