နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြင့်မားလာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးများ ပိုမိုလျင်မြန် မြန်ဆန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ အလေးထားအားပေးဆောင်ရွက်လျက်ရှိသော်လည်း PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ ကိုယ်ကျိုးအတွက်သာရှေးရှု၍ ကလေးငယ်များအား အမှား၊ အမှန်၊ အကောင်း၊ အဆိုးများကို ဝေဖန်ပိုင်းခြားတတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများကို သင်ကြားပြသပေးလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့နယ်၊ ကျေးရွာများမှ ဆရာ၊ ဆရာမများအား သစ္စာမဲ့ဝန်ထမ်း Disloyality Civil Servant(DCS) လုပ်ရန် လက်နက်အားကိုးဖြင့် အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ ဆင်ခြင်တုံ တရားကင်းမဲ့စွာဖြင့် စာသင်ကျောင်းများအား ပိတ်ထားရန် ခြိမ်းခြောက်ခြင်းနှင့် စာသင်ကျောင်းများအား ယာယီစစ်စခန်းအဖြစ် အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထို့သို့လုပ်ဆောင်လျက်ရှိရာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆရာ၊ဆရာမများကိုလည်း သစ္စာမဲ့ဝန်ထမ်း Disloyality Civil Servant(DCS) လုပ်ရန် လက်နက်အားကိုးဖြင့် အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ စာသင်ကျောင်းများ၌ ယာယီ စစ်စခန်းအဖြစ် အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်ခြင်းများကြောင့် ကျေးရွာအချို့မှကျောင်းများ ဆက်လက်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ စာသင်ကျောင်းများအား ယာယီပိတ်ထားခဲ့ရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး အဆိုပါအကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism – Operation) များဖြင့် ဇွန်လ ၂၁ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည်ထိခိုက်သေဆုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားပြီး အကြမ်းဖက်သောင်းကျန်သူများထံမှ ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။



PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များနှင့် စာသင်ကျောင်းများ၌ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများတူး၍ ယာယီစစ်စခန်းအဖြစ်အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်လျက်ရှိခြင်းများကြောင့် ကျောင်းနေအရွယ် ကလေးငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက်နစ်နာစေရုံသာမက ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ပညာရည်မြင့်မားမှုကို ပိတ်ပင်ဖျက်ဆီးမှုများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းပင်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း အဆိုပါလုပ်ရပ်များအပေါ် ရွံရှာစက်ဆုတ်မုန်းတီးလျက်ရှိကြောင်း သိရှိရသည်။



တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများက ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် စာသင်ကျောင်းများ၌ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်များကို အမြန်ဆုံးဖယ်ရှားရှင်းလင်း၍ စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့် အဆိုပါဒေသ၌ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
