

ရန်ကုန်၌ အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီ ဖြစ်သည်။
ယခုနှစ်၌ အာဇာနည်နေ့အခမ်းအနားသည် (၇၉) နှစ်မြောက်ကျရောက်မည် ဖြစ်သည်။
ပြင်ဆင်မှုများကို ဇွန် ၁၇ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီးဦးမျိုးမြင့်အောင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ဗဟန်းမြိုနယ်ရှိ အာဇာနည်ဗိမ္မာန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြင်ဆင်နေမှု၊ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
