နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ယနေ့ ဇွန်လ ၁၅ ရက်တွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် နေပြည်တော် တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ လေဆိပ်တွင် ဒု-သမ္မတ ဦးညိုစော၊ ဒု-သမ္မတ ဒေါ်နန်းနီနီအေး၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပိုဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ တိုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်

တရုတ်ပြည်နယ်အကြီးအကဲများ၊ စီးပွားရေးအဖွဲအစည်းများနှင့် တွေ့ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့် တက်ရောက်ခြင်းနှင့် အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများကို လေ့လာခြင်းတို့ ဆောင်ရွက်မည်

မြန်မာ-တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ
ကို ဆွေးနွေးသွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *