ချင်းပြည်နယ်အတွက်ပြန်လည်ထူထောင်ရေးပစ္စည်းများ ကလေးမြို့သို့ တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာ

အကြမ်းဖက်အဖွဲများ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည် နယ်၊ ဖလမ်းမြို့၊ တွန်းဇံမြို့၊ တီးတိန်မြို့တို့အား တပ်မ တော်ကပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်တွင် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထိုအတူ နိုင်ငံတော်အစိုးရမှလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ဘိလပ်မြေအိတ်များအပါအဝင် လုပ်ငန်းသုံးပစ္စည်းများကို တပ်မတော်လေယာဥ်များဖြင့်ပိုဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ဇွန် ၁၁ ရက်က ဆောက် လုပ်ရေးလုပ်ငန်းသုံးဖြစ်သော ဘိလပ်မြေ(၂၀၀)အိတ်၊ သွပ်(၂,၁၅၀)ချပ်၊ သံ(၉)ဖာ၊ ဝါရှာကွင်း(၁)ဖာ၊ ကျောင်းသုံးသင်ရိုးညွှန်တမ်းစာအုပ်(၂၇၂)အုပ်၊ ဆန် (၈၄၀)အိတ်၊ ဆီ(၃၇၁)ပိဿာသည် မန္တလေးမြို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *