၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ ယနေ့ (မေ ၂၅ ရက်)မှစ၍ ကျောင်းစတင်အပ်နှံကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောလ်ပင်များ ထောက်ပံ့မည်ဟုလည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များအနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအချက်များတွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း ပါရှိသည်။
ထောက်ပံ့ပေးမည့် စာအုပ်၊ ဘောလ်ပင်များမှာ သူငယ်တန်း(KG)မှ Grade 12 အထိ အခမဲ့ထောက်ပံ့မည်ဖြစ်ကာ စာသင်နှစ်အလိုက် ထောက်ပံ့မည်ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူပြည်သူများအနေဖြင့် ငွေကြေးသို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ဆရာ၊ဆရာမများ ဝန်ထမ်းများကို ပေးအပ်ခြင်းမပြုရန် စသည့်အချက်များ ပါရှိသည်။
