မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြော

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ပြောသည်။

မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့တွင် ဧပြီ ၂၈ ရက်မှ ဧပြီ ၃၀ ရက်အထိပြုလုပ်သည့် စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်၌ မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့ရေးကိစ္စသည် အရေးပါပြီး မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝအရင်းအမြစ်များပေါကြွယ်ဝစေရေးတို့အတွက်ဆောင်ရွက်လျက်ရှိကာ အိမ်နီးခြင်းတရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်တိုးတက်အောင်မြင်ရေးပန်းတိုင်ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

ကာဘွန်လျှော့ချရေးနှင့် စိမ်းလန်းသောပတ်ဝန်းကျင်ဖြစ်စေရန် ဒေသအလိုက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စဉ်ဆက်မပြတ် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့ကြောင့် ရှေ့ဆက်၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် သန့်ရှင်းသောစွမ်းအင်၊ စိမ်းလန်းသော ပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးလျက်ရှိသည့် လယ်ယာကဏ္ဍများတွင် အတူတကွပူးပေါင်းဆောင်ရွက်ရန်အသင့်ဖြစ်နေပြီး စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်လည်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *