မေလ၂ရက်နေ့က ပုသိမ်မြို့နယ်ရပ်ကွက်များအပါအဝင်၊သာပေါင်းမြို့နယ်၊ကန်ကြီးထောင့်မြို့နယ်နှင့်ငပုတောမြို့နယ်များသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ပုသိမ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ခွဲရုံ/လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့်အချိန်ဇယားများ နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပုသိမ်မြို့အတွင်း မြို့ပေါ်ရပ်ကွက် ၁၅ရပ်ကွက်ရှိပြီး group Aမှ group D အထိ အုပ်စု ၄ စုခွဲကာ အလှည်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးဖြန်ုဖြူးပေးမည်ဖြစ်သည်။
အဆိုပါ ဂရုခွဲသတ်မှတ်ချက်အတွင်း group Aတွင် သာပေါင်းမြို့နယ်။group C တွင် ကန်ကြီးထောင့်မြို့နှင့် group Dတွင် ငပုတောမြို့တို့အသီးသီးပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
ယင်းသို့ Group သတ်မှတ်ချက်အရ ၂နာရီလာ ၆နာရီပျက်စနစ်ဖြင့် အလှည့်ကျဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
System Breakdown ဖြစ်နေချိန်နှင့် မီးစတင်ပြန်ရချိန်တို့တွင် လျှပ်စစ်သုံးစွဲရန် ခွင့်ပြုမှုမှ လျော့နည်းပါသဖြင့် ၎င်း System Breakdown ဖြစ်သည့်ရက်များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုမှာ အထက်ပါအချိန်အတိုင်း မရရှိနိုင်ပါကြောင်း လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။
