၁။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11 နှင့် Grade-12 အတန်းပညာများကို သင်ကြားလေ့ကျင့်ပေးမည့် အမှတ်(၁)တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း(ရဲမွန်)၊ အမှတ်(၂)တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားသစ်များအဖြစ် လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက် ၁၇ နှစ်ထက်မကြီးသူ၊ Grade-11 သင်တန်းအတွက် Grade-10 အောင်မြင်ပြီး အသက် ၁၈ နှစ်ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး အသက် ၁၉ နှစ်ထက်မကြီးသူ ဖြစ်ရမည်။
( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူအမျိုးသား(လူပျို)ဖြစ်ရမည်။
( ဂ ) တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်းခံရဖူးသူ မဖြစ်စေရ။
(ဃ) စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းအောင်မြင်ရမည်။
၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၁၄-၅-၂၀၂၆ ရက်နေ့မှ ၂၀-၅-၂၀၂၆ ရက်နေ့အတွင်း လျှောက်ထားသူ ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များသို့ လျှောက်ထားရမည်-
(က) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ ၃ ပုံ။
( ခ ) နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။
( ဂ ) မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။
(ဃ) အိမ်ထောင်စုဝင်လူဦးရေစာရင်း(ပုံစံ-၆၆/၆)(မိတ္တူ)။
( င ) ကျောင်းထွက်လက်မှတ်(မိတ္တူ)။
( စ ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သို့မဟုတ် မြို့နယ်ပြည်သူ့ရဲတပ်
ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း။
(ဆ) မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်း ထောက်ခံချက်။
၃။ ကျောင်းသားသစ်အဖြစ် လျှောက်ထားသူအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းကြီးကြပ်ရေးနှင့် ကျောင်းသားစိစစ်ရေးရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ရန် အကြောင်းကြားလာပါက အပိုဒ်(၂)ပါစာရွက်စာတမ်းများမူရင်းနှင့် မိတ္တူ(၃)စောင်စီ ယူဆောင်၍ ၂၂-၅-၂၀၂၆ ရက်အရောက် မိဘ/အုပ်ထိန်းသူနှင့်အတူ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများအား ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို ကျောင်းသားအဖြစ် အတည်ပြု ရွေးချယ်သွားမည်။
၄။ တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အခြား သင်ထောက်ကူပစ္စည်းများ၊ အခြေခံပစ္စည်းများ အခမဲ့ရရှိမည့်အပြင် ပညာသင်ကြားနေစဉ်ကာလအတွင်း လစာအဖြစ် တစ်လလျှင် Grade-10 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၃၀ ရာခိုင်နှုန်း(၄၃၂၀ဝိ/-ကျပ်)၊ Grade-11 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၄၀ ရာခိုင်နှုန်း(၅၇၆၀ဝိ/-ကျပ်)နှင့် Grade-12 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၅၀ ရာခိုင်နှုန်း(၇၂၀၀ဝိ/-ကျပ်)တို့အား ခံစားခွင့်ရှိသည်။
၅။ ကျောင်းသားများအား အခြေခံပညာ အထက်တန်းဆင့် ဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နှစ်အလိုက် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရမည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူကျောင်းသားများသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့်သိပ္ပံများသို့ လျှောက်ထားခွင့်ရှိသည်။ တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့် သိပ္ပံများသို့ တက်ရောက်ရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုမရှိပါက ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၌ ဖွင့်လှစ်သည့် တတိယအဆင့်ဆေးလက်ထောက်သင်တန်း(အထူး)သို့ လျှောက်ထားခွင့်ရှိသည်။
၆။ အသေးစိတ် သိရှိလိုပါက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ပညာရေးဌာနစု၊ ဖုန်း-၀၃၆-၃၀၅၃၁/၀၃၆-၃၀၅၆၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
