ဥရောပချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့ အာဆင်နယ် တို့ ဒီနေ့မနက်က ယှဉ်ပြိုင်ခဲ့ရာမှာ တဖက်တဂိုးစီနဲ့ သရေကျခဲ့တဲ့လဒ်ကြောင့် အိမ်ကွင်းမှာ ဒုတိယ အကျော့ ပြန်လည်ကစားရမဲ့ အာဆင်နယ်အတွက် ဗိုလ်လုပွဲတက်လှမ်းဖို့ အခွင့်အရေး ပိုကောင်း သွားစေပါတယ်။
အာဆင်နယ်ဟာ အဝေးကွင်းမှာ အက်သလက်တီကိုရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို ခံစစ်ပိုင်းက ကောင်းကောင်း တောင့်ခံနိုင်ခဲ့သလို ဂိုးသမား ဒေးဗစ်ရာယာရဲ့ လက်စွမ်းပြမှုတွေကြောင့် အဝေးကွင်းမှာ အဖိုးတန်သရေရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအကျော့ကိုတော့ လာမဲ့ ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
