ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉ ထရီလီယံအထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ $2.89 ထရီလီယံ ထိ ရောက်ရှိလာပြီး ၁၁ နှစ်ဆက်တိုက်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီးဥရောပ၏ စစ်အင်အားတိုးချဲ့မှုက အဓိကအခန်းတွင်ပါဝင်လာခဲ့ကြောင်း ဆွီဒင်အခြေစိုက် Stockholm International Peace Research Institute (SIPRI) ၏ အစီရင်ခံစာအရ သိရသည်။ ဥရောပ၏ ကာကွယ်ရေးအသုံးစရိတ် ၁၄ ရာခိုင်နှုန်းတိုးလာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးအသုံးစရိတ်က GDP ၏ ၂. ဒသမ ၅ ရာခိုင်နှုန်း သို့ ရောက်ရှိလာပြီး ၂၀၀၉ ဘဏ္ဍာရေးအကျပ်အတည်းကာလနောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်လာသည်။
အစီရင်ခံစာအရ ကမ္ဘာကြီးသည် စစ်ပွဲများ၊ နိုင်ငံရေးတင်းမာမှုများနှင့် ဒေသအလိုက် မတည်ငြိမ်မှုများကြောင့် စစ်အင်အားတိုးချဲ့မှု (arms race) အတွင်းတွင် ရှိနေသည်ဟု ဖော်ပြထားသည်။ အမေရိကန်နိုင်ငံသည် ၉၅၄ ဘီလီယံ ဖြင့် ကာကွယ်ရေးအသုံးစရိတ် အမြင့်ဆုံးသုံးစွဲသည့် နိုင်ငံဖြစ်နေကြောင်းသိရသည်ဥရောပသည် စစ်အင်အားတိုးချဲ့မှုဘက်သို့ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၆၄ ဘီလီယံ အသုံးပြုခဲ့သည်။ NATO အဖွဲ့ဝင်နိုင်ငံများသည် ရုရှားမှ ဖြစ်နိုင်သော အန္တရာယ်ကို တားဆီးရန် အရှေ့ဘက်နယ်မြေများကို အားကောင်းအောင် လုပ်ဆောင်နေကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲထားသည့် နိုင်ငံများထဲတွင် အမေရိကန် နိုင်ငံက ၉၅၄ ဘီလျံဖြင့်အများဆုံးသုံးစွဲထားကြောင်းသိရသည်။ထိုအပြင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၃၆ ဘီလျံ၊ ရုရှားက အမေရိကန်ဒေါ်လာ ၁၉၀ ဘီလျံ၊ ဂျာမနီက ၁၁၃ ဘီလျံ၊ အိန္ဒိယက ၉၂ ဒသမ ၁ ဘီလျံ သုံးစွဲထားကြောင်းသိရသည်။
NATO အဖွဲ့ဝင် ၃၂ နိုင်ငံအနက် ၂၃ နိုင်ငံသည် နိုင်ငံ GDP ၏ ၂ရာခိုင်နှုန်း သုံးစွဲရမည့် ရည်မှန်းချက်ကို ပြည့်မီခဲ့ကြပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ထူးခြားသော ပြောင်းလဲမှုဖြစ်သည်။ဂျာမနီသည် ယခုအချိန်တွင် ကမ္ဘာ့စစ်လက်နက်တင်ပို့မှုတွင် စတုတ္ထနေရာရရှိပြီး တရုတ်နိုင်ငံကို ကျော်တက်လာသည်ယူကရိန်း၏ စစ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၁ ဘီလျံသို့ ရောက်ရှိပြီး ၂၀ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်းသိရသည်။ ထိုအပြင် ရုရှားနိုင်ငံကလည်း ယခင်နှစ်နှင့်နှိုင်းယှဉ်လျင် အမေရိကန်ဒေါ်လာ ၁၉၀ ဘီလျံ ရှိလာခဲ့ပြီး ၅ ဒသမ ၉ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်းသိရသည်။
