တာချီလိတ်မြို့နယ်တွင် ကျပ်ဘီလီယံ ၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံဖမ်းဆီးရမိ

အဆိုပါဒေသတစ်ဝိုက်တွင်  မသင်္ကာဖွယ် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းမှုများ  ဆက်လက်ဆောင်ရွက်မည်

တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ကော့ရားကျေးရွာအနီး၌ ခန့်မှန်းငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကို မတ်လ ၂၄ ရက်နေ့ က ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၂၈၅၀၀ ခန့်အကွာ မိုင်းဟဲ (အောက်) ကျေးရွာအုပ်စု ကော့ရားကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို အရောက်၌ မသင်္ကာဖွယ်တဲများအား တွေ့ရှိသဖြင့် ဝင်ရောက် ရှာဖွေစစ်ဆေးချိန် ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *