ပဲခူးတိုင်းဒေသကြီး လွှတ်တော် တတိယအကြိမ် ပထမပုံမှန် အစည်းအဝေးကို မတ်လ ၂၀ ရက်တွင် အစီအစဉ် (၁၈)ရပ်ဖြင့် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် မိတ်ဆက်အခမ်းနားကိုလည်း ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းလည်း သိရသည်။
လွှတ်တော် ၏ တာဝန်များဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း စသည်တိုကို ပြည်သူများ ထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားခဲ့သည်။
