ဒေသခံတွေ ပြောနေတာ ကြားမိတာက.. မုံရွာမြို့တောင်ဘက်၊ ချောင်းဦးမြို့နယ်ထဲက အမြင့်ကျေးရွာမှာရှိတဲ့ သမဝါယမအဖွဲ့ပိုင် ငါးကန်ဝန်းကျင်ဘက်မှာ PDF တွေ စခန်းချဖို့ လုပ်နေကြတယ်။ ဒါကို ဒေသခံတွေသိတော့ ဆန္ဒပြဖို့ စီစဉ်ကြတယ်။
အဲလို ဒေသခံတွေ ဆန္ဒပြဖို့ လုပ်ရသလားဆိုပြီး စိတ်ဆိုးနေတဲ့ (ချောင်းဦး-ပလဖ တာဝန်ခံ)နဲ့ (မုံရွာ-ပကဖ တာဝန်ခံ) က ပြရဲရင်ပြကြည့်ကြ .. ဗီဒီယိုရိုက်ပြီး ဗီဒီယိုထဲပါတဲ့ သူတွေကို ဖမ်းဆီးနှိပ်စက်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိနေတယ်တဲ့..။
ဆိုချင်တာကတော့ ချောင်းဦး (အမြင့်ကျေးရွာ) ဒေသခံတွေက အကြမ်းဖက် PDF ကို လက်မခံကြဘူး၊ PDF တွေလာရင် မြို့/ရွာပျက်ပြီး သူတို့ကောင်းကောင်း မအိပ်ရမှာကို သိနေကြပြီ။ အမြင့်ကျေးရွာနားမှာလည်း ယခင်ကတည်းက တပ်မတော်၊ ရဲ၊ ပသစ လုံခြုံရေးစခန်းတွေရှိပြီး အခုလည်းရှိတယ်.. ဒေသခံတွေ အေးချမ်းစွာနေထိုင်နိုင်ကြတယ်။
PDF စခန်းချမယ်ဆိုပြီး သတင်းကြားရုံနဲ့ ဒေသခံတွေ ဆန္ဒပြဖို့လုပ်နေကြတယ်ဆိုတော့ ပြည်သူက တပ်မတော်ကို ထောက်ခံသလား၊ အကြမ်းဖက် PDF ကို ထောက်ခံသလား ပေါ်လွင်နေပြီ။
အကြမ်းဖက်တွေအနေနဲ့လည်း “ဇ” ရှိရင်တော့ လုပ်ကြပေါ့.. လှုပ်တာနဲ့ ပြည်သူက တပ်ကို ချက်ချင်းသတင်းပေးလိုက်လို့ အုံလိုက်ကျင်းလိုက် သပိတ်သွတ်ပွဲ ဆင်နွှဲရလိမ့်မယ်ဆိုတာပါပဲ။
တိုက်ပွဲသတင်းစုံ
