ဒူဘိုင်းတွင် ကျင်းပပြုလုပ်နေသည့် နိုင်ငံတ ကာ စားသောက်ကုန်ပြပွဲသို့ မြန်မာသံအမတ်ကြီး လာရောက် အားပေး

Dubai World Trade Center ၌ ကျင်းပနေသည့် Gulfood 2026 မှာ မြန်မာနိုင်ငံမှ ထုတ် ကုန်များကို နိုင်ငံတကာ​စျေးကွက်သို ထိုး​ဖောက် တင်ပို​နေသည့် Asia Winner Industrial Ltd. ၏ ပြခန်းလည်း ပါဝင်ပြသခဲ့ပါသည်။

အဆိုပါ စားသောက်ကုန်ပြပွဲကို ဇန်နဝါရီ ၂၆ ရက် မှ ၃၀ ရက်​နေ့အထိ ဒူဘိုင်းမြို၊ Dubai World Trade Center ရှိ Sheikh Saeed ခန်းမ၌ နိုင်ငံတကာမှ ထုတ်လုပ်သည့် ထုတ် ကုန်များအား ပြပွဲအဖြစ် ခင်းကျင်းပြသကာ ကျင်းပနေခြင်း ဖြစ်သည်။

ထိုသို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ထုတ်လုပ်​၍ ရောင်းချ​နိုင်ရန် ပြသ​နေသည့် ထုတ်ကုန်ပစ္စည်းများ ပြပွဲမှာ မြန်မာ့ထုတ်ကုန်များကို ဂုဏ်ယူစွာ ထိုး​ဖောက်ပြသ​လျှက် ​စျေးကွက်ရရှိ​ရေး ကြိုး စား​ ဆောင်ရွက်နေ​သော Asia Winner Industrial Ltd ၏ မြန်မာ့ထုတ်ကုန်ပြခန်း Booth No: S-A3 သို အာရပ်​စော်ဘွားများ ပြည်​ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းနှင့် သံအမတ် ဦးကျော်သူငြိမ်းတိုလည်း လာရောက်ကြည့်ရှု အား​ပေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *