ဗင်နီဇွဲလား၌ ရင်းနှီးမြှုပ်နှံရန် ထရမ့် ၏ တွန်းအားပေးမှု ရေနံကုမ္ပဏီကြီးများ စိတ်ဝင်စားနေ

ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁ဝဝ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန်အစိုးရ၏ တွန်းအားပေးနေမှုကို ကမ္ဘာ့ရေနံကုမ္ပဏီကြီးများက စိတ်ဝင်စားနေကြောင်း သိရှိရပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဗင်နီဇွဲလားမှထွက်ရှိသော ရေနံစိမ်းများကို ချက်လုပ်ရောင်းချရန် အသင့်ရှိနေကြောင်းနှင့် ပြည်တွင်းရေနံကုမ္ပဏီများအနေဖြင့် အကြီးအကျယ်ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း တိုက်တွန်းထားသည်။ ထိုသို့ တွန်းအားပေးမှုနှင့်အတူ Shell နှင့် Chevron ကဲ့သိုသော ကုမ္ပဏီကြီးများကလည်း ဗင်နီဇွဲလား ၏ ရေနံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ပြီး လုပ်ငန်းများပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း အသီးသီး ထုတ်ဖော်ပြောဆိုထားကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *