လွှတ်တော်ကို မတ်လထဲတွင် ခေါ်ယူမှာဖြစ်ပြီး၊ အစိုးရသစ်တာဝန်များကို ဧပြီလထဲတွင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

လွှတ်တော်ကို မတ်လထဲမှာ ခေါ်ယူမှာဖြစ်ပြီး၊ အစိုးရသစ်တာဝန်များကို ဧပြီလထဲမှာ ထမ်းဆောင်ရမှာဖြစ်ကြောင်း ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“လွှတ်တော်ကတော့ မတ်လထဲမှာ ခေါပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင်အစိုးရသစ်တာဝန်တွေကတော့ ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းကလုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *