၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြိုတေးဂီတဖျော်ဖြေပွဲသို့ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကား

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းအမှတ် ၁ နှင့် ၂ ၌ Myanmar Countdown ပွဲကြီးအား ကျင်းပခဲ့ရာ ပါဝင် အထူးစည်ကားခဲ့ပြီး ကွင်းပြည့်လူလျှံခဲ့တယ်လို့ သိရပါတယ်..

ဖျော်ဖြေပွဲတတိယနေ့ ရောက်ရှိလာသည်နှင့်အညီ မွန်းလွဲပိုင်းမှစတင်၍ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ဂီတဖျော်ဖြေပွဲကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းများအတွင်းသို မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲအလိုက် ပါဝင်ဆင်နွှရန် မော်တော်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်များဖြင့် တဖွဲဖွဲ လာရောက်ကြတာပါ။

လာရောက်ပျော်ရွှင်စွာ ဆင်နွှဲကြသူများကို စိတ်လုံခြုံစွာ အမှတ်တရများဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ကွင်းအတွင်းသို ဝင်ရောက်စဉ် တာဝန်ရှိသူများက ဝင်ပေါက်ဂိတ်များတွင် ဖျော်ဖြေပွဲဝင်ခွင့်လက်ပတ်များ စနစ်တကျရောင်းချ၍ လုံခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးသည့်အပြင် ဖျော်ဖြေပွဲဝန်းကျင်နေရာများ၌လည်း လိုအပ်သည့် လုံခြုံရေးစောင့်ကြည့်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့ရပါတယ်

တေးဂီတဖျော်ဖြေပွဲသို့ ဝင်ရောက်ရသည့် ဂိတ် (၁) နှင့် (၄) အဝင်ဝမှ ဖျော်ဖြေပွဲကျင်းပမည့် စတိတ်စင်အထိ လျှောက်လမ်းများနှင့် ပွဲတော်အတွင်းရှိ နေရာများ၌ လာရောက်အပန်းဖြေလည်ပတ်ကြသူများ စိတ်အပန်းဖြေပျော်ရွှင်စေရန်အတွက် နီယွန်ရောင်စုံအလှမီးများဖြင့် လှပဝေဆာစွာ ဆင်ယင်ထွန်းညှိအလှဆင်ထားပြီး Photo Booth များတွင် အမှတ်တရဓာတ်ပုံရိုက်ကြသူများ၊ အပျော်တမ်းဂိမ်းကစားကြသူများ၊ ချားရဟတ်စီးကြသူများနှင့် ပျော့အိကလေးကစားကွင်းတွင်လည်း ပျော်ရွှင်စွာဆော့ကစားကြသည့် ကလေးငယ်များဖြင့် အထူးစည်ကားလျက်ရှိသည်။

တေးဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ ဟဲလေး၊ ရဲလေး၊ ထွန်းထွန်း၊ ဖြိုးပြည့်စုံ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ဂျူဝယ်၊ ကေကေမိုး၊ မိစန္ဒီတိုက Dancer အဖွဲများ၊ DJ ပညာရှင်များ၊ Music Band များဖြင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ ပရိသတ်များ အားပါးတရလိုက်ပါသီဆို၍ ပါဝင်ဆင်နွှကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထိုပြင် လာရောက်လည်ပတ်ကြသူများ စာရေးသောက်ရေးအဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန်များ၊ လူသုံးကုန်ပစ္စည်းဆိုင်များအပါအဝင် ဆိုင်ခန်း ပေါင်း ၅၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး ပျော်ရွှင်မှုများနှင့်အတူ သန့်ရှင်းစွာ စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိက်များ စနစ်တကျစွန့်ပစ်ရန် အမှိက်ပုံးများအပြင် Mobile Toilet များထားရှိသည်ကိုလည်း တွေ့ရသည်။

၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကျင်းပလျက်ရှိရာ လာရောက်အပန်းဖြေလည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်တွင်လည်း Countdown ရေတွက်မည့် အစီအစဉ်အပါအဝင် နိုင်ငံကျော် တေးသံရှင်များဖြစ်သည့် ဖြိုးကြီး၊ နောနော်၊ ရဲရင့်အောင်၊ J FIRE၊ ဂျူနီယာချစ်ကောင်း၊ ICE COLD ၊ ခိုင်မြဲသစ္စာနှင့် အခြားတေးသံရှင်များက Dancer များ၊ DJ ပညာရှင်များနှင့် တွဲဖက်၍ ညနေ ၅ နာရီမှစတင်၍ ည ၁ နာရီအထိ သီဆိုကပြဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်ကြောင်း၊ ဝင်ကြေးကို တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထားပြီး ပွဲတော်သို လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ခရီးစဉ် သုံးခုသတ်မှတ်၍ မော်တော်ယာဉ်များဖြင့် အခမဲ့အသွားအပြန်ပိုဆောင်ပေးလျက်ရှိသဖြင့် မည်သူမဆိုလာရောက်လည်ပတ် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *