
ယခုရက်ပိုင်းအတွင်း စျေးကွက်အတွင်းသို့ သဇင်ပန်းများဝင်ရောက်လာပြီဖြစ်သလို ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်နေကြောင်း အလှပန်းမျိုးစုံရောင်းဝယ်သူများထံမှ သိရသည်။
ယမန်နှစ်တွင် အခက်သေးတစ်ခက်လျှင် (၃၀၀၀/၄၀၀၀) ကျပ်ရှိရာမှ ယခုအခါ (၇၀၀၀/၈၀၀၀) ကျပ် ရှိကြောင်း အခက်ကြီး ဆိုဒ်အလှတစ်ခက်လျှင် (၁၅၀၀၀) ကျပ် ရှိကြောင်း သိရသည်။
သဇင်ပန်းများ စိုက်ပျိုးရာခြံအချို့ တွင် နိုဝင်ဘာလအတွင်း စတင်ပွင့်လာလေ့ရှိပြီး လကုန်ပိုင်းမှသာ စတင်ရောင်းချလေ့ရှိသလို ယခုဒီဇင်ဘာ ပထမပတ်အတွင်း သဇင်ခြံအများစုမှ ပေါ်ထွက်စပြုလာခြင်းလည်း ဖြစ်သည်။
