(၁၅-၁၂-၂၀၂၅)
မနေ့က ကျားဖြန့်နဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ နိုင်ငံတော်အဆင့်ဖြစ်တဲ့အတွက် နိုင်ငံတကာ မီဒီယာတွေလည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ကျားဖြန့် ဘယ်လိုအမြစ်တွယ်လာသလဲဆိုတာနဲ့ ကျားဖြန့်အဆုံးသတ်ရေး ဘာတွေ ဆောင်ရွက်နေသလဲဆိုတာ ကမ္ဘာကိုချပြနိုင်ခဲ့ပါတယ်။
ကျားဖြန့်ဟာ ကမ္ဘာ့နိုင်ငံတွေအနှံမှာ ကင်ဆာရောဂါလို ပျံ့နှံနေပြီး နိုင်ငံတကာကလည်း ကုသဖြေရှင်းဖို့ အဖြေရှာနေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အာရှနိုင်ငံတွေတော်တော်များများမှာ ရှိနေပေမယ့် နိုင်ငံရေးမတည်ငြိမ်တဲ့ မြန်မာနိုင်ငံမှာ ပိုပြီးပေါ်လွင်လာတာကြောင့် မြန်မာနဲ့ ကျားဖြန့်ကို တွဲမြင်အောင် နာမည်ဝိုင်းဖျက်ခြင်း ခံနေရပါတယ်။
ဒါကြောင့် နိုင်ငံတော်အနေနဲ့ ဒီနာမည်ဆိုးကြီးကနေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး ကျားဖြန့်နဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ ဘက်မလိုက် မျက်နှာမထောက်တဲ့ ပေါ်လစီကျင့်သုံးနေပါတယ်။ ကျားဖြန့်ကို မြန်မာ့မြေကနေ မောင်းထုတ်နိုင်ဖို့ အဆောက်အဦးမချန် မြေလှန်ဆောင်ရွက်နေတာကိုလည်း အားလုံးအမြင်ပဲဖြစ်ပါတယ်။
ဒီနေရာမှာ နိုင်ငံတော်နဲ့ တပ်မတော်ကို လေနဲ့ဝမ်းမကွဲတဲ့ ပြည်ဖျက်မီဒီယာများနဲ့ EAO တွေဟာ ကျားဖြန့်ကို အခွင့်ကောင်းယူပြီး တပ်မတော်ကို ဆွဲချချင်ဇောနဲ့ မြန်မာနိုင်ငံထဲမှာ စစ်တပ်နဲ့ အပေါင်းအပါတွေက ကျားဖြန့်ကို လုပ်ဆောင်နေသယောင် သတင်းတုတွေ အစဉ်တစိုက်ရေးသားဖြန့်ဝေကြတယ်။
သူတို့ဘယ်လောက် ထိုးချနေနေ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ NLD လက်ထက်မှာ ရွှေကုက္ကိုလ် စီးပွားရေးလုပ်ငန်းဇုန်ကို တင်ပြလို့ လက်ခံဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သမိုင်းဆိုင်ရာ ဖော်ပြချက် တစ်ချက်ကလွဲရင် ၂၀၁၅ NLD အစိုးရကို ဒီကျားဖြန့်နဲ့ ပတ်သက်မှုရှိပါတယ်လို့ မစွပ်စွဲထားပါဘူး။
မြေငှား စာချုပ်မှာ KNU စောကွယ်ထူးဝင်း တိုပါဝင်တဲ့ သက်သေ၊ ထိုင်းနိုင်ငံဘက်ကို တိုက်ပွဲမဖြစ်ပဲနဲ့ ထိုင်းဘက်ကို ၄၀ မမတွေနဲ့ ပစ်ထည့်ပြီး နှစ်နိုင်ငံကြား ပြဿနာဖြစ်အောင် ဆောင်ရွက်နေတဲ့ သက်သေတွေ ချပြတာကလွဲလို ကျားဖြန့်ဟာ KNU ကြောင့်ပါလိုလည်း လက်ညိုးမထိုးသွားပါဘူး။
ဒီကျားဖြန့်ဟာ နိုင်ငံတကာက ရာဇဝတ်သားတွေဦးဆောင်ပြီး ကွန်ရက်ကြီးကြီးမားမားနဲ့ ဆောင်ရွက်နေတဲ့ကိစ္စဖြစ်လို့ သတိကြီးကြီးထားပြီး နိုင်ငံတော်အဆင့် ရာဇဝတ်မှုတစ်ခုကို ရှင်းလင်းနေရတာဖြစ်လို့ ကိုယ့်နိုင်ငံတွင်းက အဖွဲအစည်းတစ်ခုကို လက်ညှိးထိုးနေရုံနဲ့ ပြီးပြတ်မယ့်ကိစ္စ မဟုတ်ပါဘူး။
ISP လို၊ DVB လို့ ၊ BBC လိုသတင်းဌာနတွေက အချက်အလက်အမှားတွေ နဲ့ တပ်မတော်က ကျားဖြန့်လုပ်ငန်းကို မွေးမြူခဲ့သလို ရေးသားပြီး နိုင်ငံတကာကို ဖြန့်နေသရွေ့ မြန်မာဆိုတာ ကျားဖြန့်ဆိုတဲ့နာမည်နဲ့ တွဲပြီး မြင်ကြဦးမှာပါ။ အကျိုးဆက်အနေနဲ့ကတော့ မြန်မာနိုင်ငံဟာ အခြားသော နံမည်ဆိုးတဲ့ကျော်ကြားတဲ့ နိုင်ငံတွေနဲ့ တပြေးညီ ဆွဲချခံရပြီး ကမ္ဘာမှာ မြန်မာဆိုရင် အစစ်ဆေးအမေးမြန်းခံလာရပါတယ်။
ဒါဟာ ကိုယ့်နိုင်ငံတွင်း အစိုးရအချင်းချင်း၊ လက်နက်ကိုင်အချင်းချင်း ဖိုက်ရမယ့် ပွဲမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ကျားဖြန့်ဖြစ်လာဖို့အရေး ဘယ်နိုင်ငံတွေ ပါဝင်ပတ်သက်နေလဲ၊ နိုင်ငံဖြတ်ကျော်ခွင့်တွေ ဘယ်သူတွေပေးနေသလဲ၊ အခြေခံကုန်ပစ္စည်းတွေ ဘယ်နိုင်ငံတွေက တင်ပို့နေတာလဲ စသဖြင့် ဝိုင်းဝန်းဖော်ထုတ်ပြီး နိုင်ငံအပေါ်မှာ ပိနေတဲ့ အာရုံစူးစိုက်မှုတွေကို ကျားဖြန့်စီးဆင်းနေတဲ့ အခြား နိုင်ငံတွေဆီ ပြန့်ကျဲသွားဖို လုပ်ဆောင်ရမယ့် အချိန်ပါ။
ဘာပဲပြောပြော ဒီသတင်းစာရှင်းလင်းပွဲဟာ နိုင်ငံတော်အပေါ် လွဲမှားနေတဲ့ နိုင်ငံတကာအမြင်တွေကို အထိုက်အလျောက် ရှင်းလင်းပေးနိုင်ခဲ့မယ်လို ယူဆပါတယ်။ ဒါကိုမှပဲ တစ်ဖက်ပိတ်မီဒီယာတွေနဲ့ EAO တွေရဲ့စကားကိုပဲ ယုံကြည်ပြီး မြန်မာနိုင်ငံထဲကို စစ်ဆင်ရေးတွေ လုပ်ကြဦးမယ်ဆိုရင်လည်း ကိုယ့်နိုင်ငံသားတွေရဲ့ ကံပေါ့လေ။
