KIA အဖွဲ့ရဲ့ တရုတ်ကို မထီမဲ့မြင်ပြုတဲ့ မြေရှားဒီပလိုမေစီ

တရုတ်နယ်စပ်မှာ အခြေပြုထားတဲ့ KIA အဖွဲ့ဟာ သူတို့အဖွဲ့ရှင်သန်ရပ်တည်နိုင်ရေး စားသောက်နေ ထိုင်ရေးသာမက စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ရေးအတွက်ပါ အစစ အရာရာ တရုတ်နိုင်ငံကို မှီခိုရပ်တည် နေရပါတယ်…

အဲ့ဒီလို တရုတ်ကို လုံးဝဥဿုံ မှီခိုနေရတဲ့ KIA အဖွဲ့က တရုတ်ကို ကျော်ပြီး တရုတ်ရဲ့ ရန်ဘက် အိန္ဒိယနဲ့ မြေရှားသတ္တု ထုတ်လုပ်ရေးလုပ်ဆောင်ဖို့ လျှို့ဝှက်သဘောတူညီချက်ပြုလုပ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်….

အဲ့ဒီသဘောတူညီချက်အရ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ထဲက မြေရှားသတ္တု မိုင်းတွင်းကို အိန္ဒိယအကူအညီနဲ့ တူးဖော်ထုတ်ယူပြီး အိန္ဒိယက KIA အဖွဲ့ကို လက်နက်၊ ခဲယမ်း၊ ဆေးဝါးတွေ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်…

ခြေလှမ်းကျယ်တဲ့ KIA အဖွဲ့ဟာ တရုတ်ကြီးကို ကျော်ပြီး အိန္ဒိယနဲ့ လျှို့ဝှက်ဆက်သွယ်ပူးပေါင်းရာမှာ ကချင်ပြည်နယ်ထဲက သယံဇာတဖြစ်တဲ့ ကျောက်မျက်၊ ကျွန်းသစ်၊ မြေရှားတို့အပြင် စစ်ကိုင်းတိုင်း အတွင်းက တရားမဝင်တူးဖော်တဲ့ ရေနံတွေကိုလည်း အိန္ဒိယဘက်ကို ပေးပို့ရမှာဖြစ်ပြီး အပြန်အလှန် အားဖြင့် စစ်ကိုင်းနဲ့ ကချင်နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယနယ်မြေထဲက NSCN-K/YA အဖွဲ့တွေကို နှိမ်နင်းပေးဖို့ သဘောတူညီချက်ရရှိထားကြောင်း သိရပါတယ်..,

အဲ့ဒီကိစ္စရပ်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်က ဘာမှမသိသလို တရုတ်အစိုးရမသိအောင်လည်း KIA အဖွဲ့က ကွက်ကျော်ရိုက်ပြီး တရုတ်-အိန္ဒိယ-မြန်မာ သုံးပွင့်ဆိုင်ကြားမှာ မြေရှားဒီပလိုမေစီ ကျင့်သုံးပြီး KIA အဖွဲ့ရဲ့ ခွချက်အကွက်က အလွန်လှပတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြ ပါတယ်…

မြေရှားသတ္တုတူးဖော်ရေးဟာ G to G လုပ်ရမဲ့ ကိစ္စဖြစ်ပေမဲ့ တရုတ်နဲ့ အိန္ဒိယတို့က ပေါချောင်ကောင်းဈေးနဲ့ ရဖို့ မြန်မာအစိုးရကို အရေးမစိုက်ဘဲ သူပုန်အဖွဲ့ KIA နဲ့သာ လုပ်ဆောင်နေတာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကြည့် လုပ်နေခြင်းသာဖြစ်ပါတယ်..

ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *