အာကာသပြတိုက်(ရန်ကုန်)ဖွင့်လှစ်


30 Nov 2025

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကသပြတိုက်(ရန်ကုန်)အား နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ တို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ရန်ကုန်မြို့တော်ဝန်၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ပြတိုက်အတွင်း Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့်ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသ ဆိုင်ရာများအား ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *