နိုဝင်ဘာ ၂၆ ရက်နေ့ တိုက်ပွဲသတင်းများပေါင်းချုပ်

နိုဝင်ဘာ ၂၆ ရက် (မနေ့)က ရန်သူ့စခန်းတွေ အတော်များများ တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်-

(ပူတာအို)
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာရွာအနီးက အကြမ်းဖက် KIA/PDF စခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့။ မိမိစစ်သည် ၁ ဦး ဒဏ်ရာရပြီး ရန်သူ့ထံမှ –
(၁) KIA/PDF ၂ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
(၃) ခဲယမ်း/ဗုံးသီးများ
(၄) ပစ်ကျင်း ၂၁ ကျင်း
(၅) တဲ ၈ လုံး သိမ်းပိုက်ရရှိခဲ့။။။

(ဗန်းမော်)
ဗန်းမော်မြို့နယ်၊ နမ့်ဖားအင်းဒေသ၊ ဝက်ကုန်းဒေသနှင့် ၃ မိုင်ဒေသအတွင်းရှိ အကြမ်းဖက် KIA/PDF ခံစစ်စခန်း ၃ ခုအား သိမ်းပိုက်ရရှိခဲ့။ စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) KIA/PDF ၃ လောင်း
(၂) လက်နက်မျိုးစုံ ၂ လက်
(၃) ကျည်ဆန်/ဗုံးသီးများ
(၄) ပစ်ကျင်း/ဘန်ကာများ
(၅) ရှေ့ထွက်မိုင်း ၁၄ လုံး သိမ်းပိုက်ရရှိခဲ့။။။

(တနင်္သာရီ)
တနင်္သာရီမြို့နယ်၊ သဲဖြူရွာအနီးရှိ အကြမ်းဖက်အဖွဲ့အခြေပြုထားသည့် နေရာအား သိမ်းပိုက်ရရှိခဲ့။ မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၁ လောင်း
(၂) MA-1 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ပစ်ကျင်း ၂၀ ကျင်း သိမ်းပိုက်ရရှိခဲ့။။။

(သာပေါင်းကလေး)
သာပေါင်းကလေးဒေသရှိ အကြမ်းဖက် ဆေးကြောင် AA စခန်းကုန်း တစ်ခုအား သိမ်းပိုက်ရရှိခဲ့။ စစ်သည် ၁ ဦးကျဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ရန်သူ့ထံမှ –
(၁) ဆေးကြောင် AA ၆ လောင်း
(၂) လက်နက်မျိုးစုံ ၆ လက် (RPG, စက်လက်အပါ)
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) လက်ပစ်ဗုံး/မိုင်းများ
(၅) ဘန်ကာ ၆ လုံး
(၆) ၁ ယောက်ပစ်ကျင်း ၂၉ ကျင်း
(၇) ဆသရမြောင်း မီတာ ၁၅၀ ခန့် သိမ်းပိုက်ရရှိခဲ့။။။

(တီးတိန်)
တီးတိန်မြို့နယ်၊ ဇောင်ကောင်ရွာအနီးရှိ အကြမ်းဖက်စခန်း ၁ ခုအား သိမ်းပိုက်ရရှိခဲ့။ စစ်သည် ၁ ဦးကျဆုံးပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် ၄ လောင်း
(၂) လက်နက်မျိုးစုံ ၆ လက်
(၃) ကျည်အိမ်မျိုးစုံ ၁၃ ခု
(၄) အမ်(၂)နင်းမိုင်းကြီး ၁ လုံး
(၅) ဗုံးသီးမျိုးစုံ ၅ လုံး
(၆) လက်ပစ်ဗုံး ၁ လုံး
(၇) ပို့ကျည် ၄ တောင့်
(၈) ယမ်းပျော့ ၂၄ဝ တောင့်
(၉) စကားပြောစက် P Power Station 3 Skyfend ဘက်ထရီပတ် ၁ လုံး
(၁၀) ဆေးပစ္စည်း ဆာလာအိတ် ၂ လုံး သိမ်းပိုက်ရရှိခဲ့။။။

(ဖလမ်း)
ဖလမ်းမြို့နယ်၊ ဟွာရဲလ်ရွာအနီးရှိ အကြမ်းဖက်စခန်းအား လက်နက်ကြီးပစ်ကူယူ၍ သိမ်းပိုက်ရရှိခဲ့။ စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၅ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
(၃) လက်ပစ်ဗုံး ၁၂ လုံး
(၄) ကျည်အိမ်/ကျည်ဆန်များ
(၅) ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့။။။

(မော်လိုက်)
မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးရွာအနီးရှိ ရန်သူ့စခန်းအား သိမ်းပိုက်ရှင်းလင်းခဲ့။ စစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၂ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့။။။

(နတ်သံကွင်း)
နတ်သံကွင်းဒေသ၊ နောင်ကုန်းရွာအနီး နယ်မြေရှင်းစဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် KNLA ၃ လောင်း
(၂) လက်နက်မျိုးစုံ ၂ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့။။။

တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)

Leave a Reply

Your email address will not be published. Required fields are marked *