တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာ သင်တန်းသားများ အလိုရှိသည်

၁။      လျှောက်ထားသူသည်-

          (က)   ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၈ နှစ်အောက်မငယ်ရ၊ ၂၂ နှစ်ထက်မကြီးရ။

          (ခ)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

          (ဂ)     အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁ဝဝ ထက်မနည်းရ၊ ပေါင် ၁၄ဝ ထက်မကျော်ရ။

          (ဃ)   မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။

          (င)     တက္ကသိုလ်ဝင်စာမေးပွဲအား သိပ္ပံဘာသာတွဲ၊ သို့မဟုတ် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

၂။   လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင်ဖြစ်စေ၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတွင် ဖြစ်စေ အခမဲ့ရယူပြီး ၂၄-၁၀-၂ဝ၂၅ ရက်နေ့မှစတင်၍ ၁၈-၁-၂ဝ၂၆ ရက်နေ့ထိ နောက်ဆုံးထားလျှောက်ထားနိုင်သည်။

၃။      လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ၁ လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲတင်ပြရမည်။

၄။      သတ်မှတ်ချက်နှင့်ပြည့်စုံသူများသည် အရည်အချင်းစစ်စာမေးပွဲကို တက္ကသိုလ်ဝင် စာမေးပွဲသင်ရိုးညွှန်းတမ်းအတိုင်း အောက်ပါဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်-

          (က)   အင်္ဂလိပ်စာ   ။        နံနက် ၉ နာရီမှ ၁၁ နာရီထိ။

          (ခ)     သင်္ချာ           ။        နေ့လယ် ၁ နာရီမှ ၃ နာရီထိ။

၅။      ဖြေဆိုမည့်သင်တန်းသားများသည် တိုင်းစစ်ဌာနချုပ်များသို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အတွင်းသတင်းပို့ရမည်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်များမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့အရောက် ကျောင်းသို့ပို့ဆောင်ပေးရမည်ဖြစ်သည်။

၆။      အရည်အချင်းစစ်စာမေးပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ဖြေဆိုကြရမည်ဖြစ်ပါသည်။

၇။      အရည်အချင်းစစ်စာမေးပွဲအောင်စာရင်းအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီးအောင်မြင်သူများသည် သင်တန်းတစ်ပါတည်း တက်ရောက်ရမည်ဖြစ်ပြီး မအောင်မြင်သူများအား တိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် သက်ဆိုင်ရာသို့ ပြန်လည်စေလွှတ်သွားမည်ဖြစ်သည်။

၈။   သင်တန်းကာလတွင်လစာအဖြစ် ပထမနှစ် ကျပ် ၁၆၈ဝဝဝ/- ၊ ဒုတိယနှစ် ကျပ် ၁၇၄ဝဝဝ/- ၊တတိယနှစ် ကျပ် ၁၈ဝဝဝဝ/- ရရှိမည်။သင်တန်းအောင်မြင်ပြီးလျှင် ရာထူးအဆင့်လိုက် သတ်မှတ်လစာနှင့် စရိတ်များခံစားခွင့်ရှိသည်။

၉။      သင်တန်းပြီးဆုံးပါက အောက်ပါအတိုင်းခံစားခွင့်ရှိသည်-

          (က)   ဘွဲ့လက်မှတ်အပ်နှင်းခြင်း။ အင်ဂျင်နီယာသိပ္ပံ A.G.T.I(Diploma) လက်မှတ်ပေးအပ်မည်။

          (ခ)     တာဝန်ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုခုနှင့် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့တို့တွင် ပညာသည်အကြပ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည်။

         (ဂ)     အဆင့်တိုးမြှင့်ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့အလိုက် ပညာသည်စစ်သည်များအဆင့်အတန်း တိုးမြှင့်ရေးစည်းမျဉ်းနှင့်အညီ  ဒုတိယအရာခံဗိုလ်နှင့်  အရာခံဗိုလ်အဆင့်များသို့ ဆက်လက်တိုးမြှင့်ပေးရေး အတွက် ဆောင်ရွက်ပေးမည်။

          (ဃ)   ပြန်တမ်းဝင်အရာရှိလျှောက်ထားခွင့်။ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်ရေး အတွက် သတ်မှတ်ထားသည့် အချိန်နှင့်အကျုံးဝင်သည့် အချိန်တွင်   စစ်ရာထူးခန့်ချုပ်ရုံးမှ   လျှောက်လွှာခေါ်ယူသည့်အခါ လျှောက်ထားနိုင်သည်။

မှတ်ချက်။     အသေးစိတ် သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်း မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *