ရွှေကုက္ကိုလ်နယ်မြေမှ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများကို ဖျက်ဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေအား နိုဝင်ဘာ ၁၈ ရက်မှစတင်၍ ရှင်းလင်းမှုများပြုလုပ်
ခဲ့ရာ ယနေ့ နိုဝင်ဘာ ၂၂ ရက်တွင်လည်း ရှင်းယုံလီပလာဇာ (၁၂) ထပ် အဆောက်အအုံ(၁) လုံးနှင့် အလုပ်သမားတန်းလျား (၁၄) လုံး၊ (၂) ထပ်အဆောက်အအုံ (၁) လုံး၊  ရှီကျင်းဝမ် (၄) ထပ်အဆောက်အအုံ (၂၃) လုံးတို့ကိုရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများလုပ်ကိုင်ရာတွင်အသုံးပြုသည့် ကွန်ပျူတာ၊ မော်နီတာ (ဆက်စပ်ပစ္စည်းမပါ) ၂၄၀ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သိမ်းဆည်းရမိထားသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများလုပ်ကိုင်ရာတွင်အသုံးပြုသည့် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများအား တာဝန်ရှိသူများက စက်ယန္တယားများဖြင့် ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

crd***News

Leave a Reply

Your email address will not be published. Required fields are marked *