အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲဝင်မယ့်ISPE အမျိုးသမီးအသင်းမှာ မေထက်လူ မပါဝင်

အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲဝင်မယ့် ISPE အမျိုးသမီးအသင်းမှာ မြန်မာ့လက်ရွေးစင်
တိုက်စစ်မှူး မေထက်လူ ပါဝင်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

မေထက်လူဟာ ISPE အမျိုးသမီးအသင်းရဲ့ အာရှအမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲတွေတုန်းက အုပ်စုပွဲ နှစ်ပွဲကို ဝင်ရောက်ကစားပေးခဲ့ပါတယ်။

ဒါပေမဲ့ မေထက်လူဟာ ကျောင်းပညာရေးကြောင့်
ဖိလစ်ပိုင်ကလပ်အသင်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲကိုတော့ ISPE အသင်းအတွက် မကစားပေးနိုင်ပဲ အမေရိကန်နိုင်ငံကို ပြန်သွားခဲ့ရပါတယ်။

ဒါပေမဲ့ ISPE အသင်းဟာ ခြေစစ်ပွဲမှာ အုပ်စုတွင်း (၃) ပွဲလုံးအနိုင်ရပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်ရောက်ခွင့်ရခဲ့ပါတယ်။

ISPE အမျိုးသမီးအသင်းဟာ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားကလပ်အသင်းတွေနဲ့ ကျရောက်နေပါတယ်။

ဒီအတွက် ISPE အသင်းဟာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ကစားသမား (၉) ယောက်ကို အားဖြည့်ခေါ်ယူခဲ့ပါတယ်။

ခေါ်ယူအားဖြည့်ခဲ့တဲ့ လက်ရွေးစင်ကစားသမား (၉) ဦးထဲမှာ မေထက်လူ မပါဝင်ခဲ့ပါဘူး။

အကြောင်းအရင်းကတော့ မေထက်လူရဲ့ ပညာရေးပိုင်းကို အနှောင့်အယှက်မပေးလိုခြင်းနဲ့ ခရီးအကွာအဝေးကြောင့်ဖြစ်ကြောင်း သိရပါတယ်။

ISPE အမျိုးသမီးအသင်းယှဥ်ပြိုင်ကစားမယ့်အုပ်စုတွင်း (၃) ပွဲကို အခမဲ့ရုပ်သံလိုင်းဖြစ်တဲ့ Channel-9 ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့လည်း သိရပါတယ်။

Photo- MFF

Leave a Reply

Your email address will not be published. Required fields are marked *