မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။

မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ 

မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ စသဖြင့် နည်းအမျိုးမျိုးနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။

သက်ဆိုင်သည့် ဆောင်းပါး

မျက်စိနာရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ!

မျက်စိနရင် အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ 

  • မျက်လုံး အဖြူသားတွေက နီနေမယ်
  • မျက်ခွံအတွင်းသားတွေ ရောင်နေမယ်
  • မျက်ရည်တွေ ထွက်နေမယ်
  • အိပ်ရာနိုးလာချိန်မှာ မျက်ခွံနှစ်ခုက ခွာမရအောင် မျက်ဝတ်တွေနဲ့ ကပ်နေမယ်
  • မျက်လုံးထဲက ကျိန်းစပ်စပ်ဖြစ်နေမယ်
  • မျက်လုံးထဲက ယားယံနေမယ်
  • အမြင်တွေ ဝါးနေမယ်
  • အလင်းကို မခံနိုင်တာမျိုး ဖြစ်မယ်
  • မျက်ခွံတွေရောင်တာမျိုး ဖြစ်မယ်
  • အဖြူရောင် ဒါမှမဟုတ် အဝါရောင် မျက်ဝတ်တွေ ထွက်မယ်

ဘာတွေကများ မျက်စိနာစေတာလဲ! 

မျက်စိနာရတာက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ 

ဗိုင်းရပ်စ်ကြောင့် – မျက်စိနာတာကို အများဆုံး ဖြစ်စေတဲ့ အကြောင်းအရင်းက ဗိုင်းရပ်စ်ကြောင့်ပါ။ ဗိုင်းရပ်စ်တွေမှာ အထူးသဖြင့် အအေးမိဖျားနာတာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်၊ ကိုဗစ်ဗိုင်းရပ်စ် စတဲ့ ဗိုင်းရပ်စ်တွေပါ။ 

ဘက်တီးရီးယားကြောင့် – ဘက်တီးရီးယားတွေထဲမှာမှ Staphylococcus aureus, Haemophilus influenzae, Streptococcus pneumonia နဲ့ Pseudomonas aeruginosa တို့က မျက်စိနာတာကို ဖြစ်စေနိုင်ပါတယ်။ 

ပတ်ဝန်းကျင်ကအရာတွေကြောင့် – ခေါင်းလျှော်ရည်တွေ၊ အလှကုန်တွေ၊ မျက်ကပ်မှန်တွေ၊ ဖုန်မှုန့်တွေ၊ မီးခိုးငွေ့နဲ့ ရေကူးကန်ထဲက ကလိုရင်းတွေ ကြောင့်လည်း မျက်စိနာနိုင်ပါတယ်။

ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကြောင့် – မှိုတွေ၊ ပန်းဝတ်မှုံတွေနဲ့ အခြား ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့အရာတွေကြောင့်လည်း မျက်စိနာနိုင်ပါတယ်။ 

ပြင်ပပစ္စည်း ဝင်ရောက်တာကြောင့် – မျက်လုံးထဲကို ပြင်ပပစ္စည်း ဝင်ရောက်တာကြောင့်လည်း မျက်စိနာနိုင်ပါတယ်။

မျက်ရည်ပြွန်ပိတ်ဆို့တာကြောင့် -ဘေဘီလေးတွေမှာ မျက်ရည်ပြွန်ပိတ်ဆို့တာကြောင့်လည်း မျက်စိနာနိုင်ပါတယ်။ 

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကြောင့်လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်ကြတဲ့ ရေယုန်ဗိုင်းရပ်စ်၊ ဆီးပူညောင်းကျဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကြောင့်လည်း မျက်စိနာတာကို ဖြစ်စေနိုင်ပါတယ်။ 

Autoimmune ရောဂါတွေကြောင့် – ကိုယ်ခံအားဆဲလ်အချင်းချင်း တုံ့ပြန်တိုက်ခိုက်မှု ပြင်းထန်တာကြောင့်လည်း မျက်စိနာတာဖြစ်နိုင်ပါတယ်။ ဖြစ်တော့ ဖြစ်ခဲပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *