ဒီရက်ပိုင်း ဧရာဝတီသတင်းဌာနက အသားကုန်လှော်နေတာ အကြမ်းဖက် AA အကြောင်းပဲ ။
နတ်ရေကန်ရပြီဆိုပြီး ဒီလအစကတည်းက လှော်တယ်၊ တပ်ဘက်က နတ်ရေကန်နား အေအေတွေ ကပ်မရသေးတဲ့သက်သေတွေထွက်လာတော့ အခု ပဲခူး ကပစ နားရောက်သွားပြန်ပြီ။
ဖဘကနေ ရတဲ့ပိုက်ဆံနဲ့ ရပ်တည်ရတဲ့ဘဝဆိုတော့ ဖန်တရာ ခေါင်းစဉ်တွေနဲ့ တစ်နေ့အပုဒ် သုံးရာလောက်တင်တာ နားလည်ပါတယ်။
ဒါပေမယ့် လူပြောခံရလောက်အောင် ဒီလိုစစ်သတင်းတွေ မဟုတ်မဟတ် ညာသံပေးပြီးတင်နေတာတော့ စဉ်းစားစရာပဲ။
အေအေကို သောက်မြင်ကပ်လို့ အရင်တစ်ခေါက် အညာဒူဘိုင်းလို လက်ထောက်ချချင်တာလား။
ဒါမှမဟုတ် engagement မရတော့လို့ စစ်ပွဲအကြောင်းပွဲဆူအောင်လုပ်ပြီး ပိုက်ဆံရှာချင်တာလားပေါ့။
ရခိုင်ဘက်မှာက တကယ်တော့ စစ်ကြောင်းမထိုးသေးဘူး။ UEC အတိတ်စိမ်းထဲမှာ အမ်းတို့ သံတွဲတို့ပါတယ်ဆိုတော့ မကြာခင်လို့ ကိုယ်တွေတောင် အခုမှ ခန့်မှန်းတုန်း။
ဒါကို ဧရာဝတီက အတင်းတွေလှော်နေပုံထောက်ရင် ရခိုင်ဘက်ကို ထိုးစစ်စစေချင်တာလားမသိဘူး။
အေအေ ရှုံးတာနိုင်တာထက် ရေးစရာသတင်းလေးရပြီး လူကြည့်များတော့ ပိုက်ဆံပိုရတာပေါ့။
ပြောသာပြောရတာ၊ စစ်တပ်ကလည်း ဧရာဝတီရဲ့ ထမင်းရှင်ပါပဲ။ တစ်နေ့တစ်နေ့ စစ်တပ်မကောင်းကြောင်းရေးနိုင်မှ လူပိုကြည့်ကြတာမှတ်လား။
(ပိုင်စိုး)
