အင်းစိန်မြို့နယ်မှာ ယာဥ်တိုက်မှုကြောင့် ခေါင်းခန်းအတွင်း ညပ်နေသူကို ကယ်ထုတ်ခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှာ ယာဥ်တိုက်မှုဖြစ်ပေါ်ပြီး ခေါင်းခန်းအတွင်း ညပ်နေသူ အမျိုးသားတစ်ဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းဖြစ်စဥ်သည် ယနေ့ အောက်တိုဘ၂၁ ရက်၊ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်တွင် ရွှေပြည်သာစက်မှုဇုန်(၃)၊ ဦးရွှေဘင်လမ်းနှင့် ဦးရွှေအိုးလမ်းထောင့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခေါင်းခန်းအတွင်း ညပ်နေသူ အမျိုးသားတွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟုဆိုသည်။

အဆိုပါဖြစ်စဥ်သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ထွက်ခွာ၍ ကယ်ဆယ်ရေးလု့်ငန်းများ ဆောသ်ရွက်ပေးခဲ့ရာ ၉ နာရီ ၁၅ မိနစ်အချိန်တွင် ခေါင်းခန်းအတွင်း ညပ်နေသူ အမျိုးသားကို ကယ်ထုတ်နိုင်ခဲ့ပြီး ကနောင်လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

CRD/ MHT

Leave a Reply

Your email address will not be published. Required fields are marked *