၂၀၂၅ အောက်တိုဘာလ ၁၆တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် မြို့/ရွာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်၁၆ ရက်တွင် လည်းကောင်း၊ ကျောက်မဲမြို့ အား အောက်တိုဘာ ၁ ရက် တွင်လည်းကောင်း တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဒေသခံပြည်သူများက အတူတကွပူးပေါင်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အလားတူ TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်ကိုလည်း ခေတ္တစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက် ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၁၆ ညနေပိုင်းတွင် သီပေါမြို့အဝင်Toll Gate သို့ ရောက်ရှိစဉ် မြို့တွင်းမှ မီးခိုးလုံးများ တွေ့ရှိသဖြင့် မြို့တွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ သည် သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၊မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက် အအုံများနှင့်ပြည်သူလူထု၏ နေအိမ်များအား ရက်စက်ယုတ်မာစွာ မီးရှို့ ထွက်ပြေး သွားကြောင်းသိရှိရသည်။
▪️ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အခြားအဆောက်အအုံများ မီးကူးစက်မှုမရှိစေရေးအတွက် မီးငြှိမ်းသတ်နိုင်ရေးနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
