အခုတစ်လော KIA အကြမ်းဖက်အဖွဲ့ဝင်တွေ တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုများပြားနေတာကြောင့် ကချင်ပြည်နယ်အတွင်းက လူငယ်လူရွယ်တွေကို အတင်းအဓမ္မ လိုက်လံဖမ်းဆီး လူသစ်စုဆောင်းနေပါတယ်…
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြစ်ကြီးနားမြို့နယ်၊ အောင်မြင်သာရွာမှာ KIA အကြမ်းဖက်အဖွဲ့က အတင်းအဓမ္မလူစုဆောင်းသွားခဲ့ပါတယ်…
KIA အကြမ်းဖက်အဖွဲ့က လူသစ်စုဆောင်းသွားတဲ့အထဲမှာ KIA အကြမ်းဖက်သောင်းကျန်းသူခေါင်းဆောင်ပိုင်းတွေရဲ့ သားသမီး ၄ ယောက်လောက်ပါသွားခဲ့ပြီး အဲဒီ ၄ ယောက်ကို လူသစ်စုဆောင်းစဉ်က ရိုက်နှက်ခဲ့တာကြောင့် လူသစ်စုဆောင်းခဲ့တဲ့ KIA အကြမ်းဖက်တပ်ရင်းတွေကကောင်တွေ ပြဿနာရှင်းနေရတယ်လို့ သိရပါတယ်…
ဒါ့အပြင် KIA အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အတင်းအဓမ္မလူသစ်စုဆောင်းလို့ရတဲ့ လူတွေထဲက ပိုက်ဆံနဲ့ပြန်ရွေးမယ့်သူတွေနဲ့ KIA အကြမ်းဖက်သောင်းကျန်းသူခေါင်းဆောင်ပိုင်းတွေရဲ့ သားသမီးတွေကို KIA တပ်ရင်း(၁၁)မှာ သီးသန့်ထားရှိထားပြီး KIA တပ်သားအဖြစ် အသေခံတိုက်ခိုက်ခိုင်းမယ့်သူတွေကိုတော့ KIA တပ်ရင်း(၄) ဌာနချုပ်သို့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်…


