ကယားပြည်နယ် ၊ လွိုင်ကော်တက္ကသိုလ်ကို ယနေ့ အောက်တိုဘာ(၁၃)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
တာဝန်ထမ်းဆောင်ကြမည်ြ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများကိုလည်း ကယားပြည်နယ် ဝန်ကြီးချုပ်က ယမန်နေ့က တွေ့ဆုံခဲ့ပြီး ငွေပဒေသာပင်၊ ချီးမြှင့်ငွေနှင့် အခြေခံစားကုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
လွိုင်ကော် တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရန် ဇွန်လ (၅)ရ က် က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ သင်ကြားနိုင်ရန်အသင့်အနေထားရှိနေပြီးဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ယမန်နေ့ အောက်တိုဘာ(၁၂)ရက်က ဆရာ/ဆရာမများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
