ဟိုပုံးမြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရရှိမှုအခြေအနေ

ထိုင်းနိုင်ငံမှတစ်ဆင့် တာချီလိတ်လမ်းကြောင်း၊ တရုတ်နိုင်ငံမှတစ်ဆင့် မူဆယ်-လားရှိုးလမ်းကြောင်းတို့ ကနေ အကောက်အခွန်မဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ရှမ်းပြည်နယ်(တောင်ပိုင်း)မှတစ်ဆင့် မြန်မာနိုင်ငံ အနှံ့အပြားသို့ ဝင်ရောက်လျက်ရှိနေပါတယ်….

မြို့၊ ရွာ၊ ဂိတ်အသီးသီးရှိ သစ္စာမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ငွေကြေးတောင်းခံပြီး တရားမဝင်ကုန်ပစ္စည်းတွေကို လွှတ်ပေးခဲ့တဲ့အတွက် တရားမဝင်ကုန်ပစ္စည်းတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်နဲ့ ဟိုပုံးမြို့တွေအထိ ရောက်ရှိလာပြီး မကြာခဏ ဖမ်းဆီးရမိနေပါတယ်…

အထူးသဖြင့် ဟိုပုံးတပ်နယ်က တာဝန်ယူထားတဲ့ စစ်ဆေးရေးဂိတ်အသီးသီးဟာ တရားမဝင်ကုန်ပစ္စည်း တွေနဲ့အတူ မူးယစ်ဆေးဝါးတွေ၊ လက်နက်ခဲယမ်းတွေ၊ ဖောက်ခွဲရေးသုံး ဒီတိုနေတာတွေ ဝင်ရောက်မှု မရှိစေရေး အထူးအလေးထား စစ်ဆေးကြပ်မတ်မှုတွေကြောင့် တရားမဝင်ကုန်ပစ္စည်း သယ်ဆောင်သူ စီးပွားရေးသမားတွေ ကြောက်ရွံ့နေရတဲ့ ဂိတ်တွေ ဖြစ်ပါတယ်…

အဲ့ဒီဂိတ်တွေမှာ ၂၀၂၅ ခုနှစ် ဧပြီလကနေ စက်တင်ဘာလကုန်အထိ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှုဖြစ်စဉ် ၅၄ ကြိမ်မှာ ယာဉ် ၁၇၁ စီး ဖမ်းဆီးရမိခဲ့ပြီး အကောက်အခွန် မဲ့ တရားမဝင်ကုန်ပစ္စည်းတွေနဲ့ သယ်ဆောင်လာတဲ့ ယာဉ်တွေ၊ တရားခံတွေ ကို ပြည်နယ်အကောက်အခွန်ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လွှဲပြောင်းအပ်နှံ ပေးလျက်ရှိပါတယ်…

ထူးခြားချက်ကတော့ အာလူးထွက်ကုန် နာမည်ကြီးတဲ့ အောင်ပန်းမြို့ကို တရုတ်နိုင်ငံထွက် အာလူးတွေ အကောက်အခွန်မဲ့တင်သွင်းနေပြီး တရုတ်အာလူးတွေကို ဒိုင်ခံဖြန့်ချီနေကြောင်း သိရပါတယ်..

အဲဒီလမ်းကြောင်းဟာ KNPP ၊ KDF ၊ KNDF ၊ DPLA တို့အတွက် UWSA (ဝ) အဖွဲ့နှင့် SSA (ဝမ်ဟိုင်း) အဖွဲ့တို့က လက်နက်ခဲယမ်းရိက္ခာ ဖြည့်တင်းပေးနေတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ရန်သူ့လက်နက်ခဲယမ်းတွေကို ရှာဖွေရာမှ ယခုကဲ့သို့ အထောက်အထားမဲ့ ကုန်ပစ္စည်းတွေကို ဖော်ထုတ် ဖမ်းဆီးရမိပြီး ထိရောက်စွာ အရေးယူနိုင်နေခြင်းဖြစ်ကြောင်း သိရပါတယ်….

ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *