စက်တင်ဘာ ၂၉ ရက်နေ့တွင် ဗန်းမောက်ဒေသအတွင်း နယ်မြေရှင်းလင်းနေသည့် တပ်မတော်စစ်ကြောင်းများ၊ SNA တပ်ဖွဲ့များသည် အကြမ်းဖက်သမားများ ခိုအောင်းနေနိုင်သောနေရာများအား ပိုက်စိပ်တိုက် ရှင်းလင်းလျက်ရှိရာ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) လက်နက်ချအလင်းဝင် ၄ ဦး
(၂) အကြမ်းဖက် KIA/PDF ၄ လောင်း
(၃) လက်နက်မျိုးစုံ ၄ လက်
(၄) ကျည်အိမ်/ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့သည်။
လုပ်တုန်းကိုင်တုန်းမို့ အလင်းဝင်သူများ၏ ပုံများအား နောက်မှဖော်ပြပါမည်။




